[16]

16.5K 359 40
                                    

Unicode

ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးလှဲကာ ဇွဲလုပ်သမျှ လိုက်ကြည့်နေသော အသက်ကလေး​သည် မပျင်းမရိနှင့်။လဲထားတဲ့မွေ့ယာအသစ်ကိုသေချာဖြန့်ပြီး အသက်ကလေးဆီလျှောက်သွားတော့ မျက်တောင်တစ်ဖျက်ဖျက်ခတ်ကာ ထထိုင်လာပြီး

"ဘာလုပ်မို့လဲ ပြီးပြီလား"

"မပြီးသေးဘူး အသက်ကလေးက ကိုယ့်ကြည့်နေတော့ အသဲယားလို့ လာနမ်းတာ"

"ပြွတ်စ်!"

ပြောလဲပြော ဆွဲနမ်းလိုက်သော ဇွဲသည် ယောကျာ်းအားနှင့်။
နက်နက်နဲနဲအနမ်းခံနေရသော ပြုံးဝေသည် ဇွဲပေးတဲ့အနမ်းတွေဆီ နစ်မြောကာ အလိုက်အသင့်လေးတုန့်ပြန်နမ်းနေသည်။

နေ့လည်တစ်ခင်းလုံး အိမ်သန့်ရှင်းရေးလုပ်နေသော ဇွဲနောက်သို့ သက်ပြုံးဝေက တကောက်ကောက်လိုက်ကာ ပူဆာသည်။ထိုအရာသည် တခြားတော့မဟုတ် သူအပြင်ထွက်ခွင့်တောင်းခြင်းဖြစ်သည်။စိတ်မချသူသည့်လူကြီးကတော့ အပြင်ထွက်ခွင့်မပေး၊ မျက်နှာထားတင်းတင်းနှင့်သာ အသက်ကလေးရဲ့ဆန္ဒကိုငြင်းဆိုသည်။ဇွဲကြောက်သည်၊ ဟိုတစ်ညလိုသာ ထပ်ပျောက်သွားခဲ့ရင် ဇွဲ ခံနိုင်ရည်ရှိမှာမဟုတ်။ထို့ကြောင့် ပူဆာနေသည့်အသက်ကလေးကို အခန်းထဲထားခဲ့လိုက်ပြီး အပြင်ထွက်လာလိုက်သည်။ခေတ်သည်ဧည့်ခန်းဆိုဖာပေါ်ကနေ မျက်နှာမကောင်းပဲထွက်လာသည့် ဇွဲကို လှမ်းကြည့်ကာ အခြေအနေမကောင်းမှန်းသိလိုက်သည်။ခေတ်မျက်နှာပေါ် အားရကျေနပ်နေမှုက အထင်းသား။

"ဘာဖြစ်တာလဲ မင်းမျက်နှာ"

မျက်နှာအပျက်ပျက်အယွင်းယွင်းနှင့် ဆိုဖာပေါ်လာထိုင်သည့် ဇွဲသည် ခေတ်အမေးကို ခေါင်းခါပြလိုက်ပြီး

"အသက်ကလေးက အပြင်ထွက်ခွင့်တောင်းတယ်"

"ဒီတော့ မေးတုန်းက ခေါင်းငြိမ့်ပြီး ခုတော့ အလိုမလိုက်နိုင်တော့ဘူးပေါ့ ဟုတ်လား"

ခေတ်ရဲ့ခပ်စစအမေးကြောင့် ဇွဲက ခေတ်ကို စေ့စေ့ကြည့်လိုက်ပြီး

"ဟိုတစ်ညကလို ထပ်ဖြစ်မှာ ငါကြောက်တယ် ခေတ် ၊ သူသာတစ်ခုခုဖြစ်ရင် ငါခံနိုင်ရည်မရှိဘူး အခုလက်မောင်းက ဒဏ်ရာလေးတောင် ငါ့မှာ နှမြောလွန်းလို့ အသားနုနုလေး ဘယ်လောက်တောင်နာလိုက်မလဲ ငါ့သာလာသတ်သွားရင် ငါခံသာနိုင်သေးတယ် အခုကကွာ တောက်စ်! ငါစောက်သုံးမကျတာ ခေတ်ရာ"

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now