[18]Unicode

10.2K 243 15
                                    

သွေးသံတရဲရဲပါသည့်အတွက် အဆင်မပြေသူများ ဒီအပိုင်းကို ကျော်ဖတ်နိုင်ပါသည်။

>>>>>>>>>>>>>

စွန့်ပစ်ထားသော ဂိုဒေါင်ကြီးထဲသို့ လေချွန်ကာ ဝင်လာသောလူတစ်ယောက်။အမဲရောင် ဟူဒီခေါင်းစွပ်ကို မျက်နှာတစ်ဝက်ဖုံးသည်အထိ ဝတ်ဆင်ထားပြီး နီထွေးထွေးနှုတ်ခမ်းတစ်စုံသည် စုထွေးကာ လေချွန်လျက်ရှိသည်။

"အာ ပီကေလား?"

ဝတ်ဆင်ထားသော All star ဖိနပ်သည် မြေကြီးပေါ်ရှိ ကပ်နေသော ပီ​ကေ ကိုနင်းမိသွားတော့ ငုံ့ကြည့်ရင်းပြောလိုက်သည်။အသံသည် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ ဩရှရှအသံမျိုး။​အခုခေတ် စကားနဲ့အညီ ဖော်ပြရရင် deep voice။

"တစ်နေ့ကပဲ ဝယ်ထားသေးတာလေ ဝမ်းနည်းလိုက်တာ လွှတ်ပစ်ရတော့မယ်"

ငြူငြူစူစူနှင့် ပီကေကပ်နေသည့် သူ့ဖိနပ်လေးကို ကြည့်လိုက်ရင်း လက်နှိုက်ထားသည့် ဟူဒီအိတ်ကပ်ထဲကနေ တစ်စုံတစ်ခုကိုနှိုက်ထုတ်လိုက်တော့ လက်ထဲပါလာသည်က လက်တစ်ဖဝါးစာရှိသော ဓားမြှောင်အသေးလေး။ဓားအိမ်ကိုဆွဲထုတ်လိုက်ပြီး ဖိနပ်မှာကပ်နေသော ပီကေကို ဓားမြှောင်သေးသေးလေးနဲ့ ကလော်ထုတ်လိုက်သည်။

"အာ ရသွားပြီ  အဲ ကျစ်* ဓားလည်းညှစ်ပတ်သွားပြီပဲ"

နီထွေးထွေးနှုတ်ခမ်းတစ်စုံသည် သွားအတက်လေးပေါ်အောင်ပြုံးလိုက်ပြီး လက်ထဲက ဓားကို ဓားအိမ်ထဲထည့်ကာ လက်ဖဝါးတစ်ဝက်ထိဖုံးနေသော လက်ရှည်ထဲ ထည့်ဖွက်ရင်းကိုင်ထားလိုက်သည်။

"ညစ်ပတ်ရင် ဆေးရမှာပေါ့"

ပို၍ ပီပြင်စွာပြုံးလာသော နှုတ်ခမ်းသည် ဂိုဒေါင်၏အမှောင်ထဲသို့ ပို၍ တိုးဝင်သွားသည်။း

လက်ပြန်ကြိုးတုပ်ခံထားရသော ကိုယ်တုံးလုံးနှင့်မိန်းကလေးနှစ်ယောက်သည် ညှိစို့ညှစ်ပတ်နံစော်နေသော ကြမ်းပြင်ပေါ်တွင် လူးလူးလိမ့်လိမ့်။တစ်ဖြေးဖြေးနီးကပ်လာသော လေချွန်သံသည် သူမတို့နှစ်ယောက်၏ သေမင်းကဲ့သို့ စိတ်ခြောက်ခြားဖွယ်ပေးသည်။ပါးစပ်၌ ဆို့ထားသော အဝတ်စကြောင့် အော်မရပေမယ့် မျက်ရည်တွေတသွင်သွင်စီးကျလျက် ရုန်းကန်နေကြသည်။

ဖေဖေ့သူငယ်ချင်း [Complete]Tahanan ng mga kuwento. Tumuklas ngayon