extra

8.5K 192 11
                                    

Unicode

"မင်းစိတ်အေးအေးထားစမ်းပါ ငဇွဲရာ"

ခွဲခန်းရှေ့တွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်ဖြင့် အင်္ဂုလိမာလသုတ်ကို ခပ်တိုးတိုးရွတ်ဆိုနေသူသည် သီဟ၏အပြောအပေါ် အာရုံမရှိ။ထိုသူ၏ အာရုံအလုံးစုံက ခွဲခန်းထဲတွင် အသက်လုကလေးမွေးနေရမည့် သူ၏အသည်းအသက်လေးအပေါ်၌သာ။

" သူတအား စိတ်လှုပ်ရှားနေတာနေမှာပါ မင်းက မင်းအလှည့်မရောက်သေးလို့မသိတာ"

မင်းသက်၏အပြောကို သီဟက ဘုကြည့်ကြည့်လိုက်ပြီး။

"ငါ့မိန်းမက ဒီနှစ်တော့ ကလေးသေချာပေါက်မွေးပေးမယ်ပြောထားတယ် ငါလည်းမကြာခင် ကလေးအဖေဖြစ်မှာပဲကွ"

"ပါးစပ်လေးတွေပိတ်နေကြစမ်းပါ မင်းတို့"

ဇွဲဟန့်လိုက်မှ တိတ်သွားသည့် နှစ်ယောက်သည် သူတို့မဟုတ်သလိုနှင့်။

ခွဲခန်းထဲကထွက်လာသော ဆရာဝန်ကို မြင်သည်နှင့် ဇွဲကကပြာကယာ အနားသွားကာသူ့ကလေးတွေအဆင်ပြေလားမေးလေသည်။

"ကလေးရော မိခင်ရော ကျန်းမာပါတယ်ဗျာ ပြီးတော့ ကလေးတွေက အမွှာယောကျာ်းလေးနှစ်ယောက်ပါဗျ ဂုဏ်ယူပါတယ် ကိုဇွဲခန့်သစ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဇွဲရဲ့မျက်နှာပေါ်တွင် ကြည်နူးပီတိဖြစ်နေမှုများသည် မျက်ရည်ဝဲနေသည်အထိ သူသိပ်ပျော်နေသည်။ကျေးဇူးပါ ကျေးဇူးတင်ပါတယ် အသက်ကလေးရယ် ကိုယ့်ကို မိသားစုပေးလို့ တကယ်ကျေးဇူးတင်ပါတယ်။မျက်ရည်တွေကျမတတ် ပျော်နေသည့် သူငယ်ချင်းသူမက်ကို ကြည့်ပြီး မင်းသက်သည် သူ့မြေးတွေကို မင်းဒယ်ဒီက ငါ့သူငယ်ချင်းကွဆိုပြီး ဘယ်လိုပြောရမှန်းမသိ။တကယ့်ကောင်ကွာ ကောင်းရော သူ့ဂေါ်ဖီထုပ်လေးကို စိတ်မချလို့ ခနလေးစောင့်ကြည့်ခိုင်းတာကို နောက်ဆုံး ကလေးတွဲလောင်းဖြစ်အောင်အထိ အဲ့ဒီကောင်က တူးလိုက်ပြီ။

ခွဲခန်းထဲက သူနာပြုများသည် သက်ပြုံးဝေ၏ ကုတင်ကိုတွန်းလာကာ နံဘေး၌လည်း ကလေးငယ်နှစ်ယောက်ကိုတွေ့ လေသည်။ဇွဲသည် သက်ပြုံးဝေ၏ ဆေးရုံခန်းလေးထဲသို့ရောက်သည်နှင့် သူ့ကလေးတွေအနား အမြန်ပြေးကာ ကြည့်လေသည်။ထို့အတူ သီဟနှင့်မင်းသက်ရော။

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now