[13]

19.2K 435 6
                                    

Unicode

လက်မှာ ပတ်တီးအဖွေးသားနဲ့ပြုံးဝေကို ကြည့်ကာ ဇွဲက စိတ်မကောင်း။သီဟသည်လည်း ပြုံးဝေအဖေမင်းသက်ကို ဇွဲမသိခင်ဖုန်းဆက်ကာ နေရာနှင့်တကွပြောပြပြီး ဒီခေါ်ထားရသည်။ပြုံးဝေအခြအနေက ဘယ်လိုလာအုန်းမလဲမသိတော့ ရင်တမမနဲ့ သီဟမှာ ထိုင်ပင်မကျ။

"မင်းဘာတြွေဖစ်နေတာလဲ သီဟ"

ကျောက်ဆောင်တွေကြား သွားလိုက် လာလိုက်ဖြင့် တစ်ခုခုကို မျှော်နေဟန် ပင်လယ်ထဲ မျှော်မျှော်ကြည့်နေသည့် သီဟကို ဇွဲက သံသယမျက်လုံးတွေနဲ့ အလိုမကျစွာကြည့်သည်။

"ဘာမှမဖြစ်ပါဘူးကွာ ဒီအတိုင်းပဲ လမ်းလျှောက်နေတာ"

ဇွဲအကြည့်တွေကို ရှောင်လွဲကာ ဖြေနေသည့် သီဟကြောင့် ရင်ထဲလှိုက်တက်လာသည့် သံသယစိတ်တွေကိုမြိုချရသည်။
သီဟကိုယုံကြည်တာလည်းပါသည့်အတွက်။

"နေ့လည်စာစားရအောင်လာခေါ်တာ ငါ့အသက်စောင့်နေပြီ မြန်မြန်လာခဲ့"

"အေး လာပြီ"

နေ့လည်စာစားပွဲမှာ ပြုံးဝေသည် ပြုံးရွှင်နေကာ ဇွဲပန်းကန်ထဲဟင်းတွေထည့်ပေးကာ တစ်ချက် တစ်ချက်လည်း ဇွဲပါးပြင်ကို လှမ်းလှမ်းနမ်းတတ်သေးသည်။ထိုအချိန်တွေမျိုးဆို သီဟက မျက်နှာပျက်သလို ဇွဲကတော့ မျက်နှာပေါ် ကြည်နူးမှုအဖြာသားနှင့်။

ဘယ်အချိန်များရောက်လာမလဲ တသသနှင့် သီဟက မျှော်တော်ယောင်။ဖုန်းဆက်ပြန်တော့လည်း ပင်လယ်ထဲရောက်နေမည့် မင်းသက်ဘက်ကလိုင်းမိမည့်ပုံမပေါ်။
ပြုံးဝေနှင့် ဇွဲကတော့ ထမင်းစားပြီးကတည်းက သူတို့အခန်းထဲ ရောက်သွားတာ ပေါ်ကိုမလာတော့။ဇွဲလက်သီးစာမိရမည့်အရေးကိုတွေးမိပြန်တော့ သီဟသည် အပူသည်လုံးလုံးဖြစ်လို့။

မက်ဆေ့ဝင်သံကြားလို့ ပြေးကြည့်တော့ ကမ်းစပ်မှာရောက်နေပြီဖြစ်သည့် မင်းသက်၏စာ။

"ကြာအုံးမယ်ထင်တာကွာ မြန်သားပဲ မင်းစီးလာတဲ့လှေ"

"မင်းမျက်ခွက်ကို သိပ်ကြေသေးတာမဟုတ်ဘူးဟေ့ကောင် စောက်ပေါက်လေးပိတ်ပြီး ငါ့အိတ်လာဆွဲ"

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now