[10]

24.9K 496 15
                                    

Unicode

နှစ်ရက်လောက်သတိလစ်နေသော ပြုံးဝေကို သီဟသည် အပြေးအလွှားလာကုပေးရပြန်သည်။ကုတင်ပေါ်တွင် အားဆေးသွင်းပေးထားပြီး ဖြူဖတ်ဖတ်နှင့် အိပ်ပျော်နေသည့် ပြုံးဝေကိုလည်းသနားသလို ဟိုခွေးသတောင်းစားလေးကိုလည်း စိတ်တိုရသည်။ဆေးပစ္စည်းတွေကိုပြန်သိမ်းလိုက်ပြီး
အခန်းပြင်ထွက်လာတော့ ကြမ်းပြင်တွင် ဒူးထောင်ပြီးခေါင်းငိုက်စိုက်ကျလျက် ထိုင်နေသူသည် လက်တစ်ဖက်မှာလည်း သွေးတွေနှင့်ဒဏ်ရာတွေအများအပြား

"လုပ်ပြန်ပြီ ဇွဲရာ မင်းလက်ကိုဆေးထည့်ရမယ် လိုက်ခဲ့"

မျက်စိပျက်မျက်နှာပျက်နှင့် သီဟ သည်လည်း ဇွဲကိုစိတ်တိုပေမယ့် အခုလိုပုံစံကိုတွေ့ရပြန်တော့ ရင်ထဲမကောင်းပါ။

ဆိုဖာပေါ်တွင် လက်တစ်ဖက်လုံးရှိ ဒဏ်ရာများကို ဆေးထည့်ပေးနေတဲ့ သီဟမျက်နှာရှုံ့မဲ့နေရပေမယ့် ကံယကံရှင်ကတော့ ဆေးလိပ်ကို ခဲကာ မျက်ဝန်းတွေက ဆွေးမြေ့နေပြီး အသက်မရှိသလို။ဆေးထည့်ပြီးတော့ ပတ်တီးကို သေချာစည်းပေးလိုက်ပြီး

"မင်းကိုယ်မင်း ဒဏ်ရာရအောင်အပြစ်ပေးတာထက် ပြုံးဝေနိုးလာရင် တောင်းပန်လိုက်ပါ ဇွဲ"

"ကလေးငယ်က ငါ့ဆီနေမပျော်ဘူး သီဟရာ"

"အေး အဲ့တာကို မင်းခံနိုင်ရည်ရှိမှ ပြုံးဝေကို ခိုးပါလို့ ငါပြောခဲ့သားပဲ"

"ငါလေ စိတ်မထိန်းနိုင်ဘူး သီဟ အသက်ငါ့ဆီက ထွက်သွားမဲ့အကြောင်းပြောရင် သူမရှိတဲ့အနာဂတ်ကိုတွေးလိုက်မိတာနဲ့တင် ငါ့ရင်တွေလောင်မြိုက်ရတယ်"

"မင်းက အချစ်ကြီးရုံမဟုတ်ပဲ အတ္တတွေဆန်နေတာကိုကွ"

"ဟင်းးး ငါအဆင်မပြေဘူး တကယ်ကိုအဆင်မပြေဘူး သီဟရာ ကလေးငယ်အသက်ပြည့်တဲ့အထိ ငါစိတ်မချလွန်းလို့ ခိုးယူခဲ့မိတာ မှားများသွားသလားပဲ"

ဆွေးဆွေးမြေ့မြေ့ဇွဲပုံစံကိုကြည့်ကာ သီဟသည်လည်း မျက်နှာမကောင်း ဇွဲအကြောင်း အစအဆုံးသိနေတဲ့လူလို့ဆိုလည်း လောကမှာ သူတစ်ယောက်ပဲရှိတာမလို့ ရင်ထဲလည်းအဆင်မပြေတာ သိပ်သိပ်သည်းသည်း။

ဖေဖေ့သူငယ်ချင်း [Complete]Όπου ζουν οι ιστορίες. Ανακάλυψε τώρα