[8]🚨🚨

40.5K 939 50
                                    

Unicode

[လိင်ဆက်ဆံတဲ့အခန်းတွေကို ကွက်ကွက်ကွင်းကွင်းရေးထားတာမလို့ မကြိုက်ရင် လှည့်ပြန်ပါ]

•••••••••••••••••••••••••••••••••

ထိုလူကြီးနှင့်အတူ ဒီနေရာတွင် ရှိနေရသည်မှာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီဖြစ်သလို ပြုံးဝေသည်လည်း ဘယ်လိုလုပ်ရင် လွတ်မြောက်မလဲ ဆိုသည့်အတွေးတွေနှင့်အတူ ခေါင်းခြောက်မတတ်။မနက်မိုးလင်းကတည်းက အခန်းထဲကထွက်သွားသူသည် မနက်စာတော့လာပို့ခဲ့ပါသည်။ သို့သော် ပြန်ပေါ်မလာတော့တာ နေ့လည်ပင်ရောက်နေချေပြီ။အခန်းထဲတွင် လက်သည်းကိုက်ကာ ရှေ့သွားလိုက် နောက်သွားလိုက်နှင့် ဘယ်လိုလုပ်ရင် လွတ်မြောက်မလဲ တွေးနေရသည်မှာ ဉီးနှောက်ပင် မီးပွင့်မတတ်။

'ချလောက်'

တံခါးဖွင့်သံနှင့်အတူ ဝင်ရောက်လာသူသည် ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာနှင့်မို့ ပြုံးဝေသည် ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်မိပြီး သတိအနေအထားနှင့် ထိုလူ့ကိုစောင့်ကြည့်သည်။

"စိတ်မပူနဲ့ ကိုယ် မင်းကို ဘာမှမလုပ်ဘူး မွန်းကြပ်နေမယ်ထင်လို့ ကိုယ့်ရဲ့ပျက်နေတဲ့ မော်တော်ဘုတ်ကို သွားပြင်တာ
ပင်လယ်ထဲ ခနပို့ပေးမယ် နေမလောင်အောင် loctionအရင်လိမ်းထား"

သဘက်တစ်ထည်ဆွဲကာ ရေချိုးခန်းထဲဝင်သွားသည့်လူသည် ချွေးသံတရွှဲရွှဲကိုယ်နှင့် နေပူပြင်က ခုမှရောက်လာပြီး အပူရှပ်နေပါအုန်းမည်။စိုးရိမ်ဟန်တွေးလိုက်မိသည့် ကိုယ့်အတွေးကို သတိရပြီး ခေါင်းကိုခါယမ်းကာ ရေချိုးခန်းတံခါးကိုမျက်စောင်းထိုးလိုက်မိသည်။

မော်တော်ဘုတ်သည် အလယ်လတ်အရွယ်အစားဖြစ်ပြီး အသစ်တော့ဟုတ်ပုံမရ။ထိုလူသည် ဘောင်းဘီတိုတစ်ထည်နှင့် တီရှပ်တစ်ထည်ကို ဖြစ်သလိုကောက်စွပ်လာပုံရကာ ရေချိုးထားလို့ထင် ခေါင်းပေါ်က ဆံပင်တွေပင် ရေမခြောက်သေး မွန်းတည်းနေပူကျဲတဲ အောက်တွင် စိုဖတ်ဖတ်ဆံပင်တွေနှင့် ကျိန်းသေပေါက်ကို အပူရှပ်အုန်းမည်ဟုတွေးကာ ပြုံးဝေက နှာခေါင်းရှုံ့သည်။

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now