[6]

25.5K 552 14
                                    

Unicode

အိမ်ထဲကို မင်းသက်မရှိတုန်း ဝင်မှရမှာမလို့ သီဟနှင့်အတူ ကားပေါ်ကနေ အခြေအနေကိုစောင့်ကြည့်နေရသည်မှာ နေ့တစ်ဝက်ပင်ကျိုးနေပြီ။ဟိုကောင်က အခုထိ အပြင်ကိုပင်မထွက်သေး။

"မင်းဟာက ဟုတ်လို့လား သီဟရာ မင်းသက်ကအပြင်ထွက်မဲ့ပုံမပေါ်ဘူးနော် ငါတို့စောင့်တာလဲ နေ့တဝက်ကျိုးနေပြီ"

"ဟေ့ကောင် မင်းက ငါ့ကိုလိုက်ခိုးပေးသလိုပုံစံလာမပေါက်နဲ့
အခု မင်းဟာလေးကိုမင်းအပိုင်ရဖို့ခိုးပေးရမှာက ငါနော် သတောင်စား"

သီဟဆီက ပျစ်ပျစ်နှစ်နှစ်အဆဲခံလိုက်ရသည့် ဇွဲက မျက်နှာကြီးရှုံ့မဲ့သွားရင်းမှ ခပ်လှမ်းလှမ်းကနေ လမ်းလျှောက်လာနေသည့် မင်းသက်ကြောင့် ကပျာကယာခေါင်းကိုငုံ့ချပစ်လိုက်မိသည်။

"ဟေ့ကောင် ဟိုမအေဘေးလစ်ပြီ ခေါင်းချည်းငုံ့ထားမနေနဲ့ မင်းဝင်ရင် အဆင်ပြေမှာမဟုတ်ဘူး ငါသွားမယ်"

စိတ်မြန်လက်မြန်သီဟက ကားပေါ်ကဆင်းသွားပြီး မင်းသက်ခြံထဲသို့ခပ်တည်တည်နှင့်ပင် ဝင်ကာ တံခါးခေါက်နေလေသည်။မကြာပါ ဇွဲ သိပ်လွမ်းနေရသည့် မျက်နှာလေးသည် သီဟကိုပြုံးပြုံးရွှင်ရွှင်စကားပြောနေတာမြင်တော့ မျက်နှာကြီးမည်းကာ မနာလိုသဝန်တိုရပြန်ပါသည်။

သီဟဘာပြောလိုက်လဲတော့ မသိပါ။ဇွဲရှိရာ ကားဆီကိုတစ်ချက်လှမ်းကြည့်နေသည့်ကလေးသည် စိုးရိမ်ပူပန်သည့် မျက်ဝန်းတွေနှင့် သီဟနဲ့အတူ လိုက်ပါလာသည်။

ကားမှန်ပိတ်ထားတာကြောင့်အပြင်ကနေ အထဲကိုမြင်ရမှာတော့မဟုတ်ပါ။ထို့ကြောင့် ဇွဲကိုမြင်ပြီးပြန်လှည့်ပြေးမှာတော့မပူရ။

ကားနောက်ခန်းသို့အလောတကြီးတက်လာသည့်ပြုံးဝေသည် အရှေ့ထိုင်ခုံက လူကိုမမြင်သေး။နောက်ခန်းကို ပြုံးဝေနှင့်အတူ တက်လာထိုင်သည့် သီဟသည်လဲ တစ်ကယ်လုပ်ရမည်ဆိုတော့ ဒီခလေးကိုသနားလာပါသည်။သက်ပြင်းကိုခပ်ဖွဖွရှိုက်ထုတ်လိုက်ပြီး လက်ထဲအသစ်ကိုင်လာသည့် မေ့ဆေးပုဝါကို ခါးပတ်တပ်နေသည့် ပြုံးဝေမျက်နှာကိုအုပ်ချလိုက်သည်။ခန္ဓာကိုယ်လေးဆတ်ခနဲဖြစ်သွားပြီး ပြုံးဝေသည် ငြိမ်သက်သွားသည်။သီဟနှင့်ဇွဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိပြီး ကားလေးသည် တစ်နေရာသို့ထွက်ခွာသွားလေသည်။

ဖေဖေ့သူငယ်ချင်း [Complete]Dove le storie prendono vita. Scoprilo ora