[11]

23.2K 586 33
                                    

Unicode

အရှေ့မှပိတ်ရပ်လိုက်သည့်သီဟကြောင့် ပြုံးဝေက အလိုမကျစွာကြည့်လိုက်သလို ဇွဲကလည်း သီဟကို ဘာလဲဆိုသည့်အကြည့်နှင့် ကြည့်သည်။

"ဇွဲ မင်းခန လိုက်ခဲ့"

"ဟင့်အင်း မလိုက်ရဘူး"

လှည့်ထွက်တော့မည့် သီဟ၏ခြေလှမ်းတွေတန့်သွားပြီး ပြုံးဝေကိုကြည့်မိသည်။အဓိပ္ပာယ်ဖော်ရခက်စွာ သက်ပြုံးဝေ၏မျက်နှာပေါ်တွင် အသက်မပါသည့်အပြုံးတစ်ခု ချိတ်တွဲထားသည်။ထိုအပြုံးကြောင့် သီဟ၏ရင်ထဲ ထစ်ခနဲဖြစ်သွားရသည်။

"ဇွဲ မင်းကို အရေးကြီးပြောစရာရှိလို့"

မလိုက်စေချင်ဟန် လှည့်ကြည့်လာသည့် အသက်ကလေးရဲ့မျက်နှာလေးကြောင့် ဇွဲသည် ဘာလုပ်ရမှန်းမသိ။တစ်ဖက်ကလည်း သီဟသည်မျက်ခုံးတွန့်ကာ  ပြုံးဝေကို စိုက်ကြည့်နေလေတော့ ဇွဲနေရခက်လာသည်။သီဟ ထူးဆန်းနေတာတော့အမှန်ပါ ဘယ်လိုဖြစ်ပြီး ပြုံးဝေကို မျက်မှောင်ကြုတ်လို့ကြည့်နေလဲ နားမလည်နိုင်ပါ။

"ခဗျားမပြန်သေးဘူးလား"

ပြုံးဝေဆီမှ ထွက်လာသည့် စကားကြောင့် သီဟသည် သူထင်နေတာ မှန်သည်ဟုတွေးမိသွားပြီး မျက်နှာပိုတင်းပစ်လိုက်ပြီး ပြုံးဝေကို စေ့စေ့စိုက်ကြည့်သည်။

"မင်းဘာတွေကြံနေတာလဲ သက်ပြုံးဝေ!"

"ဟေ့ကောင် သီဟမြင့်မိုရ်!!"

"ကျစ်* မင်း အခုငါ့နောက်မလိုက်ခဲ့ရင် နောင်တရစရာတြွေဖစ်ကုန်မယ် ငဇွဲ"

ပြုံးဝေသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဇွဲကိုလှည့်ကြည့်လာသည်။

"ဉီးခန့် ဟင့် အသက်ကို မလိုချင်ဘူးလား"

"တိတ်စမ်း! သက်ပြုံးဝေ!!!"

အရှက်မရှိစွာ မြူစွယ်နေသည့် သက်ပြုံးဝေကို ဒေါသတကြီး သီဟကအော်တော့ ဇွဲ၏ခြေထောက်တစ်ဖက်သည် သီဟရင်ဘတ်ကို ဘုန်းခနဲ ကန်ပစ်လိုက်မိသည်။

'ဝုန်း!'

လဲကျသွားသည့် သီဟသည် ရင်ဘတ်ကို ဖိကာ ဇွဲကို တအံ့တဩမော့ကြည့်မိသည်။

ဖေဖေ့သူငယ်ချင်း [Complete]Donde viven las historias. Descúbrelo ahora