ထိုအချိန်တွင် အိမ်တော်ထိန်းနှင့်တူသော အဖိုးအိုတစ်ယောက်က မိန်းကလေးဆယ်ယောက်ကို ဦးဆောင်၍  အရှေ့သို့ထွက်လာသည်။

လွေဂျေကလည်း သူ့ရှေ့ရောက်လာသည့် သမင်မလေးဆယ်ယောက်ကို ငါးခူပြုံးလေးပြုံးရင်း ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်

"... အင်း ..မဆိုးပါဘူး ...""

လွေဂျေက လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်ကို ကောင်းကင်မီးတောက် ခြင်္သေ့ လက်ဝါးသိုင်း အောင်မြင်စေရန်သာ အပြင်းအထန် ကြိုးစားခဲ့ပြီး တခြားအရာများအပေါ် စိတ်မဝင်စားနိုင်ခဲ့ပေ။
ထိုကြောင့် လွေဂျေက ယခုညတွင် နှစ်ပေါင်းတရာကျော် အောင်းထားသော အရာတွေကို ဖွင့်ထုတ်ပြစ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မိစ္ဆာသားရဲမျိုးနွယ်မှ အမျိုးသမီးများကို လွေဂျေက အကြိုက် မတွေ့ပေ ။ သူက လှပသော လူသားမိန်းမပျိုလေးများကိုသာ ပို၍ နှစ်သက်လေသည်။

".... သတင်းတွေထဲမှာတော့ နှင်းလေတိုင်းပြည်ကြီးရဲ့ အလှဘုရင်မလေ ရှီရှောင်ဖေးက နတ်သူငယ်ဘုရင်မထက်ကို အများကြီး ပိုလှတယ်ဆိုပဲ .... ဂိုဏ်းချုပ် ပျော်ပါးလို့ရအောင် ကျုပ်တို့ နှင်းလေတိုင်းပြည်ကို ခရီးထွက်ပြီး ရှီရှောင်ဖေးကို သွားဖမ်းကြရင် ကောင်းမလား ...?"

အဆင့်မြင့် စစ်သူကြီး တစ်ယောက်က ရှေ့ထွက်လာပြီး သူ့အကြံကို ထုတ်ပြောလိုက်သည်။

"... အဲ့ဒါတော့ မကောင်းဘူးထင်တယ်နော် .... ရှီရှောင်ဖေးဆိုတာက ဟောင်ရှောက်လုံရဲ့ ကောင်မဆလးမဟုတ်လား .... လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စကြာဝဠာနတ်ဘုရားဂိုဏ်း သခင်လေးက ရှီရှောင်ဖေးကို ဖမ်းသွားဘူးတယ် ... အဲ့ဒီမှာ ဟောင်ရှောင်လုံက ဒေါသူပုန်ထပြီး စကြာဝဠာနတ်ဘုရားဂိုဏ်းသားတွေကို သတ်လိုက်တာမှ  ရေရွတ်လို့တောင်မရဘူးတဲ့ ..."

နောက်ထပ် စစ်သူကြီးတစ်ယောက်က စိုးရိမ်တကြီး ဝင်ရောက်သတိပေးလိုက်သည်။

"... စကြာဝဠာ နတ်ဘုရားဂိုဏ်းက ဟောင်ရှောင်လုံကိုကြောက်တိုင်း .... ကျုပ်တို့ကလိုက်ပြီး ကြောက်စရာလား ...? ခြင်္သေ့လူသားမျိုးနွယ်စုက သခင်လေး က သားရဲလူသားမျိုးနွယ်စုတွေကို သစ္စာဖောက်ပြီး နဂါးကိုးကောင်ကျောင်းတော်ဆီမှာ သစ္စာခံလိုက်တယ်တဲ့ .... ဒါပေမယ့် မင်းကြောက်နေတဲ့ သားရဲနတ်ဘုရား ဘွဲ့ခံထားတဲ့ကောင်က အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ချီးတောင်မပေါက်ရဲဘူး...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now