"... အပြင်မှာ ဘာဖြစ်နေကြတာလဲ ...?"

"... ဒီလိုပါခေါင်းဆောင်ကြီး အပြင်ဘက်မှာ လူသားတစ်ယောက် ပြသနာလာရှာနေပါတယ် ...
သူက အစောင့် ယန်နဲ့ တခြားလူတွေအကုန်လုံးကို သတ်ပြစ်လိုက်ပါတယ် ..."

ခန်းမဆောင်ထဲဝင်လာသည့် တပည့်က ကြောက်ကြောက်လန့်လန့်ဖြင့် သတင်းပို့လိုက်သည်။

လူငယ်တစ်ယောက် ဟုတ်လား...?
အောင်းကွမ်တို့က အောင်ရှန်ကို အနိုင်ယူခဲ့သည့် လူငယ်ရောက်လာပြီဆိုတာကို ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့က ရှောင်လုံ ယခုလို မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားကြပေ ။

"....ရောက်ရောက်ချင်း ငါတို့ဂိုဏ်းသားကို သတ်ရဲတယ်ဆိုတော့ ... ဒီကောင် တော်တော် အတင့်ရဲတာပဲ ....!"

ဒုတိယခန်းမဆောင် သခင် အောင်စန်က ထိုင်နေရာမှ ဒေါသတကြီး ခုန်ထပြီး အော်ဟစ်လိုက်သည်။

"... သူလုပ်ရပ်က ကျုပ်တို့ကို ဂရုမစိုက်ဘူးလို့ ပြောင်ပြောင်တင်းတင်း ပြောလိုက်တာပဲ.... အဲ့ကောင်လေး ကျုပ်တို့ နဂါးကိုးကောင်းကျောင်းတော်ဆီမှာ သစ္စာခံမယ်ဆိုရင်တောင် သူ့ကို မှတ်လောက်သားလောက်အောင်တော့ ပညာပေးရမှာပဲ ."

"... အကို၂ ပြောတာ မှန်တယ် ... အဲ့လိုသာ မလုပ်ရင် ကျုပ်တို့ တံခါးဝက အစောင့်ကိုသတ်ပြီး ကျုပ်တို့ဆီမှာ သစ္စာခံတဲ့လူတွေ ပေါလာလိမ့်မယ်
ကျုပ်တို့ နဂါးကိုးကျောင်းကျောင်းတော်ကလည်း လူရယ်စရာကြီး ဖြစ်သွားလိမ့်မယ် ..
"

တတိယခန်းမဆောင် သခင် အောင်းဘီက အော်ပြောလိုက်သည်။

"... အဲ့ကောင် ကျုပ်တို့ဆီမှာ သစ္စာခံမယ်ဆိုရင်တောင် တံခါးဝကနေ အဓိကခန်းမဆောင်ကို ရောက်တဲ့အထိ  ခြေလှမ်းသုံးလှမ်းစာတိုင်းမှာ တစ်ကြိမ် ဂါရဝပြုရမယ် ..

သတ္တမခန်းမဆောင် သခင် အောင်းရီက ခနဲ့တဲ့တဲ့ ဆိုလိုက်သည် ။

"... တော်ပြီ ငါတို့အကုန်လုံးသွားကြည့်ကြမယ် ..."

အောင်းကွမ်က မတ်တပ်ထရပ်ရင်း  ပေါ့ပြက်ပြက်ပုံစံဖြင့် ပြောလိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now