လှိုင်းလုံးကြီးများကဲ့သို့  တလိမ့်လ်ိမ့်ရောက်ရှိလာကြသည့် မြားတွေကိုမြင်သော်လည်း ရှောင်လုံ အမူအရာက တည်ငြိမ်နေဆဲပင် ။
ထိုအပြင် ရှောင်လုံအနောက်မှ ရေနဂါးနှစ်ကောင်က အရွယ်အစား ပို၍ ကြီးးမားလာသည်။ ရေနဂါးကြီးနှစ်ကောင်ဟာ မီတာလေးရာအထိ မြင့်မားလာကြသည်။

ထိုနောက် ရေနဂါးကြီးနှစိကောင်က သူတို့၏ ဧရာမ အမြီးနှစိချောင်းအား မွေ့ယမ်းကာ ရှောင်လုံထံသို့ ပစ်လွှတ်လိုက်သော မြားအုပ်ကြီးနှင့် တိုက်ခိုက်ဖို့ ရောက်ရှိလာကြသော နတ်သူငယ်များကို ရိုက်ထုတ် ပြစ်လိုက်သည်။ ရေနဂါးကြီးနှစ်ကောင် လက်ချက်ကို မိသွားကြသော နတ်သူငယ်များဟာ
လေနှင့်အတူ မျောလွင့်သွားသည့် သစ်ရွက်ခြောက်များကဲ့သို့ အဝေးသို့ လွင့်ထွက်သွားကြသည်။

စက္ကန့်ပိုင်းလောက်ကြာပြီးနောက်တွင် အင်အားတစ်ထောင်ကျော်ရှိသည့် နတ်သူငယ်အင်အားစုဟာ သစ်ပင်ပေါ်တွင် တိုးလို့တွဲလောင်းချိန်နေသောသူ ၊ ဗွက်အိုင်အတွင်း မှောက်ရက်လဲကျနေသူ ၊သစ်ပင်ပင်စည်အတွင်း ခေါင်းစိုက်နေသူ စသဖြင့် နေရာအစုံတွင် ပြန့်ကျဲနေကြသည်။ အခုအချိန်တွင် ရှောင်လုံရှေ့၌ လီနာတစိယောက်သာလျင် ကျန်တော့သည်။

လီနာက သနားစဖွယ် ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်နေကြသည့် သူ့အပေါင်းအဖော်တွေကိုကြည့်ရင်း အံ့သြမှင်သက်သွား၏ ။

"... သူ...သူတို့ ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲ ....?"

ဒါက ဘယ်လို မှော်ပညာမျိုးလဲ ....?
လီနာက ရှောင်လုံခေါင်းပေါ်တွင် ဝဲပျံနေသည့် နဂါးနှစ်ကောင်အား မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေသည်။ ဤမျှ အစွမ်းထက်သော မှော်ပညာအကြောင်းကို လီနာက တစ်ခါမှ မကြားဘူးပေ။

"... နင် ...နင်က စကြာဝဠာ မှော်ဆရာလား...?"

လီနာ အသံက အနည်းငယ် တုန်နေသည်။

စကြာဝဠာ မှော်ပညာရှင် ....!
ဤဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူလူသား အရေအတွက်က အရပ်မျက်နှာတိုင်းပြည်ထဲတွင် လက်တစ်ဆုပ်စာမျှသာ ရှိသည်။

ရှောင်လုံက သူ့လက်ကိုအသာအယာဝှေ့ယမ်းလိုက်သောအခါ လေထဲမှ ရေနဂါးနှစ်ကောင်လည်း အလိုလိုပျောက်ကွယ်သွားသည်။ ထိုနောက် ရှောင်လုံက ခေါင်းခါယမ်းလိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now