ကျူးဝူးဂျိ၏ အနည်းငယ်စိတ်ပူနေသောပုံစံကိုမြင်တော့ ရှောက်တုံဂျန်က ရယ်မောလိုက်ပြီး

"... အကိုကျူး ... ခင်ဗျားဘယ်တုံးကစပြီး အဲ့လောက်ထိကြောက်တတ်သွားတာလဲ ...? ကျုပ်လို လေဟာနယ်တံခါးဂိုဏ်းရဲ့လက်ထောက်ဂိုဏ်းချုပ်တစ်ယောက်က ဘယ်ကလာမှန်းမသိ အမည်မသိတဲ့ကောင် ကို ကြောက်နေရမှာလား ...?"

တိမ်ကြယ်တာရာတိုင်းပြည်အတွင်း၌ ရှောက်တုံဂျန် ကြောက်ရသည့်သူမှာ လက်ချိုးရေတွက်လို့ရနိုင်သည် အထိ နည်းပါးသည်။
ထိုပြင် ရှောက်တုံဂျန်က စကြာဝဠာနတ်ဘုရားဂိုဏ်းမှ သခင်လေးနှင့် အဖြူရောင်ဖီးနစ်အိမ်တော်မှ သခင်လေးတို့ကို မြင်ဘူးထားသည်။  ဆံပင်အနက်နှင့်ကောင်လေးက ထိုသခင်လေးနှစ်ယောက် မဟုတ်ပေ ။

ရှောက်တုံဂျန်၏ ရှင်းပြချက်ကိုကြားတော့ ကျူးဝူဂျိမျက်နှာထက်မှ စိုးရိမ်စိတ်တွေက နေလာနှင်းပျောက်သကဲ့သို့ ပျောက်ကွယ်သွားပြီး

"... အကိုကျောက်... အဲ့ဒီကောင်လေးဆီကနေ အဆင့်မြင့် နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးတွေကိုရခဲ့ရင် ကျုပ်တို့ ရွှေအိမ်တော်ကုန်သည်အဖွဲ့ကို ပြန်ရောင်းပေးပါလား ...?"

ရှောင်လုံက သူ့အတွင်းအားအဆင့်ကို အထူးတလည်ကွယ်ဝှက်ထားခြင်း မရှိတာကြောင့် သူ့အတွင်းအားအဆင့်ဟာ အခုမှ စကြာဝဠာအဆင့်၄ သာရှိနေသေးသည့်အချက်က အမြင်စူးရှသော မြေခွေအိုကြီးနှစ်ယောက်က သိရှိသွားသည်။

ရှောက်တုံဂျန်၏ အတွင်းအားအဆင့်နှင့်ဆိုရင် သူတကယ်တမ်းတိုက်ခိုက်မည်ဆိုပါက စကြာဝဠာအဆင့်၄  သာရှိသေးသည့် ထိုလူငယ်လေးအနေဖြင့် ဘယ်လိုနည်းနှင့်မှ ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျူးဝူဂျိက နားလည်လိုက်သည်။

ရှောက်တုံဂျန်က အားရပါးရ ရယ်မောလိုက်ပြီး

"... ဒီလောက်ကတော့ ခင်ဗျားနဲ့ ကျုပ်ကြားမှာ ပြောနေသေးစရာလိုသေးလို့လား ...?"

"... အကိုဟောင် ... အဲ့းဒီရှောက်တုံဂျန်ကို ကျွန်မတို့ ....?"

ရွှေအိမ်တော်ကုန်သည်အဖွဲ့အိမ်တော်အတွင်းမှထွက်လာပြီးနောက် ရှီရှောင်ဖေးက မအောင့်နိုင်တော့ပဲ မေးလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now