သို့သော် နောက်ကျသွားလေပြီ ။ သူ့စကားသံမဆုံးသေးခင်မှာ  စကြာဝဠာနတ်ဘုရားဂိုဏ်းသားများ အပေါ်သို့ မရေတွက်နိုင်သော လက်သီး ၊ လက်ဝါးချက်တွေကျဆင်းလာသည်။ လက်သီးလက်ဝါးချက် ထိမှန်သူများ၏ ခန္ဓာကိုယ်များက တစ်စစီ  ပေါက်ကွဲသွားကြသည်။

လေထဲတွင် စကြာဝဠာနတ်ဘုရားဂိုဏ်းသားများ၏ သွေးမှုန့်သွေးစများဖြင့် ပြည့်နှက်သွားသည်။

".... ဟောင်ရှောင်လုံ ....ငါမင်းကို သတ်မယ် ...."

ရှဲဟွေက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ချန်ရှောင်ဖန်း အပါအဝင် တခြားအကြီးတွေကလည်း ရှောင်လုံကို မီးတောက်နေသလို နီရဲနေသော မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြသည် ။

ရှောင်လုံ လက်ချက်မိသွားသော ဂိုဏ်းသားများက
စကြာဝဠာနတ်ဘုရား ပိုးမွေးသလို မွေးခဲ့ရသော အဓိကသိုင်းသမားများဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီက ရှားမှရှား အစွမ်းအစတွေကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကဲ့သို့လူတွေက အနှစ်တစ်ရာမှာတောင် တစ်ယောက်ပေါ်ထွက်လာဖို့ မလွယ်ကူပေ ။ သူတို့အားလုံးက စကြာဝဠာနတ်ဘုရားဂိုဏ်း၏ မြောက်များစွာသော သယံဇာတ ကြိုးစားပန်းစား ပြုစုပြိုးထောင်ထားကြသော အနာဂတ်မျိုးဆက်များဖြစ်ကြသည်။ သူတို့ထဲက အများစုဟာ ကောင်းကင်အဆင့်၁၀ သိုင်းသမားများဖြစ်ကြသည် ။ တစ်ချို့ဂိုဏ်းသားတွေဆိုရင် စကြာဝဠာ တစ်ပိုင်းအဆင့်ကိုတောင် ရောက်ရှိနေကြလေပြီ ။

သို့သော် စကြာဝဠာနတ်ဘုရားဂိုဏ်း၏ နှစ်ပေါင်းများစွာ ပြုစုပြိုးထောင်လာခဲ့သော အနာဂတ်မျိုးဆက်များက မမျှော်လင့်ဘဲ ရှောင်လုံလက်ချက် မိသွားသည်။ ရှောင်လုံလက်ချက်ဖြင့် စကြာဝဠာနတ်ဘုရားဂိုဏ်း၏ အထူးချွန်ဆုံး၊ အရည်အချင်းအရှိဆုံးဟု ဆိုနိုင်သည့် အဓိကဂိုဏ်းသား သောင်းနှင့်ချီ သေဆုံးသွားခဲ့လေသည်။

ရှဲဟွေက မီးခိုရောင်ဓားတစ်လက်ကို ထုတ်လိုက်သည်။ ထိုမီးခိုရောင်ဓား၏ ဓားသွားပေါ်တွင် အနက်ရောင် ရှေးဟောင်းစားသားများဖြင့် ပြည့်နှက်နေသည်။ မီးခိုရောင်ဓား၏ ဓားရိုးကတော့ အနက်ရောင် ဦးခေါင်းခွံတစ်ခုဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Hikayelerin yaşadığı yer. Şimdi keşfedin