လူတွေအကုန်လုံးက ရှောင်လုံနောက်ကျောတွင် ရုတ်တရက်ထွက်ပေါ်လာသော ရာနှင့်ချီသည့် လက်ပွားတွေကိုကြည့်ရင်း အံ့သြမှင်သက်နေကြသည်။

".... နတ်တောင်ရွှမ်းမီသိုင်း ..."

လူတွေအကုန်လုံး အံ့အားသင့်နေကြစဉ် ရှဲဟွေ၏ စူးရှသော အသံက သူတို့အားလုံးကို လှုပ်နှိုးလိုက်သည် ။ ရှဲဟွေကိုယ်တိုင်လည်း ရှောင်လုံကို မယုံနိုင်သလိုမျိုး ငေးကြည့်နေမိလေသည်။

နတ်တောင်ရွှမ်းမီသိုင်း....!

ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး သိုင်းပညာ....!

ရှဲဟွေအသံကိုကြားပြီး လူတွေက ရှောင်လုံကို နောက်တစ်ကြိမ် ငေးကြည့်လိုက်ကြပြန်သည်။ သူတို့အားလုံးက အိပ်နေစဉ် လမ်းထလျောက်နေသောလူများကဲ့သို့ အသိစိတ်များ ခဏတာပျောက်ဆုံးနေကြသည် ။

အားလုံး မှင်သက်နေကြစဉ် ရှောင်လုံက ဒုတိယအကြိမ် တိုက်ခိုက်ကန် အားယူလိုက်သည်။
ထိုနောက် အရပ်လေးမျက်နှာစလုံးတွင် လက်ဝါရာများ ၊ တောက်ပသော အလင်းတန်းများဖြင့် ပြည့်နှက်သွားပြန်သည်။ ထိုလက်ဝါးရာ ၊ လက်သီးရာ ၊ လက်ညိုးရာ များနှင့် တောက့်သော အလင်းတန်းတွေက ယခုတစ်ကြိမ်မှာတော့ စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်ထဲသို့ ကျရောက်သွားသည်။

သူတို့ဆီသို့ သိုင်းကွက်တွေအများကြီး ရောက်ရှိလာတာကိုမြင်တော့ ရှောင်လုံကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြသော စကြာဝဠာနတ်ဘုရားဂိုဏ်းသားတွေအကုန်လုံး တုန်လှုပ်ခြောက်ခြားကာ ပျာယာခတ်ကုန်ကြသည်။
သူတို့က ထွက်ပြေးဖို့ ကြိုးစားလိုက်ကြသည်။

သို့သော် ရှောင်လုံသိုင်းကွက်များကြားထဲကနေ စကြာဝဠာအဆင့် သိုင်းပညာရှင်များတောင်မှ လွတ်အောင် မရှောင်နိုင်ခဲ့ပေ ။ သူတို့ရှောင်တိမ်းဖို့ ကြိုးစားနေစဉ်မှာ လက်သီးရာ ၊ လက်ဝါးရာများက သူတို့ပေါ်သို့ အဆက်မပြတ် ကျဆင်းလာသည်။

".... ဟောင်ရှောင်လုံ ...မင်းလုပ်ရဲလုပ်ကြည့် .....!"

ရှဲဟွေက လေထဲကနေ ဒေါသတကြီး ဟိန်းဟောက်လိုက်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now