နတ်ဆိုးကြီးကိုယ်ထဲက စွမ်းအားတွေကို စုပ်ယူပြီးနောက် ရှောင်လုံကိုယ်ထဲမှ နတ်ဆိုးအတွင်းအားတွေက ပိုပြီးသန့်စင်လာသလို သူ့အတွင်းအားတွေကလည်း စကြာဝဠာအဆင့် ၄ အလယ်အဆင့်သို့ ကျော်ဖြတ်ရောက်ရှိသွားတာကို အံံ့သြစဖွယ် မြင်တွေ့လိုက်ရသည် ။

"... ဒါ...ဒါက ဘယ်လိုဖြစ်တာလဲ ...?"

ရှောင်လုံက သူ့အတွင်းအားတွေ စကြာဝဠာအဆင့် ၄ အလယ်အဆင့် ရောက်ရှိသွားတာမြင်တော့ ဝမ်းသာမလို့ ပြင်နေစဉ်မှာ သူ့ကိုယ်ထက်မှာ ချပ်ဝတ်တန်ဆာသဖွယ်ဖုံးအုပ်နေသော  နတ်ဆိုး အကြေးခွံတွေကို မြင်တော့ မျက်မှောင်ကြုတ်သွားသည်။ ထိုနောက် သူလက်တွေက နဖူးထက်ကို စမ်းကြည့်လိုက်သည်။ သူ့နဖူးထက်မှ ဦးချိုနှစ်ခုကို စမ်းမိလိုက်တော့  ရှောင်လုံ မျက်လုံးပြူးသွားလေသည်။

ရှောင်လုံ ဆရာ ရန်ဝူကောင်းက နတ်ဆိုးကြီးဆီမှ စွမ်းအားတွေကို စုပ်ယူပြီးသည့်နောက် နတ်ဆိုးကြီးနှင့် ပုံသဏ္ဍာန်တူသွားလိမ့်မည်ဟု စာထဲမှာ ထဲ့မရေးထားခဲ့သလို လူပုံသဏ္ဍာန်ပြန်ပြောင်းလို့ ရမည့်နည်းလမ်းကိုလည်း ဖော်ပြထားခြင်းမရှိပေ ။

".... သွားပြီ ငါဘယ်လိုလုပ်ရပါ့မလဲ ....? ငါဒီပုံစံကြီး ထာဝရပြောင်းလဲသွားမှာတော့ မဟုတ်လောက်ပါဘူးနော် ....!"

  လူတွေရဲ့ အမြင်အရ နတ်ဆိုးဆိုသည်မှာ တွားသွားသတ္တဝါမဟုတ်သလို နို့တိုက်သတ္တဝါအမျိုးအစားလည်း မဟုတ်သော ယုတ်ညံသော သတ္တဝါများဖြစ်ကြသည် ။

ငါဘယ်လိုလုပ်ရမလဲ ....?
ငါဘယ်လိုလုပ်ရမလဲ ...?

ရှောင်လုံက သူတွေးလို့ရသမျှ နည်းလမ်းတွေအကုန်လုံးသုံးကာ သူ၏ မူရင်း လူပုံသဏ္ဍာန်သို့ ပြန်ပြောင်းနိုင်ရန် ကြိုးစားကြည့်လိုက်သည် ။
သို့သော် နာရီအတန်ကြာသည်အထိ ပြန်ပြောင်းနိုင်မည့် နည်းလမ်းကို ရှာမတွေ့ချေ ။
ရှောင်လုံစိတ်ထဲမှာ ဒီပုံသဏ္ဍာန်ကြီးနှင့် ထာဝရ နေရတော့မည်လို့ ယူဆပြီး သူမျက်နှာတစ်ခုလုံး ရှုံ့မဲ့သွနေ၏ ။ သို့သော် နောက်ဆုံးမှာတော့ ရှောင်လုံတစ် ယောက် နည်းလမ်းရှာတွေ့သွားသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now