ထိုနောက် ရှောင်လုံလက်ဆယ်ချောင်းဆီကနေ ပြင်းထန်သော စုပ်အားဖြင့် နတ်ဆိုးကြီးခန္ဓာကိုယ်ထဲက နီညိုရောင်စွမ်းအားတွေကို သူ့ကိုယ်အတွင်းသို့ စုပ်သွင်းလိုက်သည်။

ထိုနောက် ရှောင်လုံက တင်ပျင်ခွေထိုင်ကာ နတ်ဆိုးကြီးကိုယ်ထဲက စွမ်းအားတွေကို သန့်စင်ပြီး သူ့ကိုယ်တွင်းသို့ စုပ်ယူလိုက်သည် ။ နတ်ဆိုးကြီးက ပိုမိုကြမ်းတမ်းစွာ ရုန်းကန်လာပြီး ခန်းမဆောင်ကြီးတစ်ခုလုံး သူ့အော်သံများဖြင့် ဆူညံပွက်လောရိုက်နေသည် ။

တဖြည်းဖြည်းနှင့် အချိန်တွေက နေ့တစ်ဝက်နီးပါး ကုန်ဆုံးသွားသည်။ ကြမ်းတမ်းစွာ ရုန်းကန်နေသော နတ်ဆိုးကြီးကလည်း တဖြည်းဖြည်း ငြိမ်သက်လာပြီး နောက်ဆုံးတွင် လုံးဝကိုရပ်တန့်သွားသည် ။ သူ့ကိုယ်တွင်းမှ သွေးတွေကလည်း တဖြည်းဖြည်းခမ်းခြောက်သွား၏။

ယဇ်ပလ္လင်ထက်တွင် တင်ပျင်ခွေထိုင်နေသော ရှောင်လုံပတ်ဝန်းကျင်တွင် ရဲရဲနီနေသော မြူနှင်းများ အုပ်ဆိုင်းလျက်ရှိသည် ။ နတ်ဆိုးကြီးကဲ့သို့ ရှောင်လုံ ခန္ဓာကိုယ်ထဲကနေ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်ပေါ်လာသည် ။ ထိုနောက် ရှောင်လုံခန္ဓာကိုယ်ပတ်ဝန်းကျင်မှ  သိမ့်မွေ့သော ဝိုးတဝါး ကိုယ်ရောင်ကိုယ်ဝါတွေကလည်း ပိုမိုသိပ်သည်းလာသည် ။

နေခင်းအလင်းရောင်က တဖြည်းဖြည်း ပျောက်ဆုံးကာ ပတ်ဝန်းကျင်အား အမှောင်ထုကြီးက ကြီးစိုးလာသည် ။ ထိုအချိန်တွင်  နတ်ဆိုးကြီးခန္ဓာကိုယ်ထက်က အကြေးခွံများနှင့်တူသော အကြေးခွံတွေက ရှောင်လုံ ကိုယ်ထက်မှာ ဖုံးအုပ်လာသည်။ ရှောင်လုံ နဖူးထက်မှာတောင် ဦးချိုတိုတိုလေး နှစ်ခုက ဝိုးတဝါးထွက်ပေါ်လာသည်။

အချိန်သုံးရက်က ဤကဲ့သို့ တူညီသော အခြေအနေဖြင့် ကုန်ဆုံးသွားသည် ။ သုံးရက်ကြာပြီးနောက် တင်ပျင်ခွေထိုင်နေသော ရှောင်လုံမျက်လုံးတွေက ရုတ်တရက် ပွင့်လာသည်။ ရှောင်လုံမျက်လုံးတွေက
ထက်သန်သော နတ်ဆိုးအတွင်းအားချီများနှင့် ပြည့်နှက်နေသည် ။ ရှောင်လုံက သူ့ကိုယ်ပတ်ဝန်းကျင်မှာ ဖုံးလွှမ်းထားသော အနီရောင် မြူနှင်းတွေကို တစ်ခုမကျန် သူ့ကိုယ်တွင်းသို့ စုပ်သွင်းလိုက်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now