ရေခဲ ၊ မီး ၊ အဖြူ ၊ အနက် ၊ ဗုဒ္ဓ ၊ တောင်ပံ လေးခု စသဖြင့် ကောင်းကင်ကြီးက လင်းလက်တောက်ပနေသော နဂါးကြီး ခြောက်ကောင်၏ အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။
ချန်ထျန်ချီကိုယ်မှ အလင်းတန်းတွေက နဂါးအလင်းတန်းများနှင့် ထိတွေ့မိချိန်မှာတော့ အားပျော့လာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည် ။

ရှောင်လုံလက်တွေက လျင်မြန်စွာ လှုပ်ရှားသွားပြန်သည် ။ သူက ချန်ထျန်ချီ၏ လည်ပင်းအား နောက်တစ်ကြိမ် ခုတ်ပိုင်း လိုက်ပြန်သည်။

အစောပိုင်းတုံးကလည်း ရှောင်လုံ နတ်ဓားတွေက ချန်ထျန်ချီ လည်ပင်းကို ခုတ်ပိုင်းနိုင်ခဲ့သော်လည်း
သူကိုယ်ထဲမှ ကုသသောအားက ရှောင်လုံနတ်ဓားများမှာ ပါဝင်သော နတ်ဆိုးအတွင်းအားကို ပယ်ဖျက်ကာ ဒဏ်ရာကို အလျင်အမြန်သက်သာလာအောင် ကုသပေးလိုက်သည် ။ ထိုကြောင့် ရှောင်လုံ အနေနဲ့ ချန်ထျန်ချီအား ဒုတိယအကြိမ် အခွင့်အရေးပေးလို့မရပေ ။

ယခုတစ်ကြိမ်မှာ ခုတ်ပိုင်းလိုက်သော ရှောင်လုံဓားချက်က ချန်ထျန်ချီအား ခေါင်းတခြားကိုယ်တခြား ဖြစ်သွားစေသည်။ ချန်ထျန်ချီ ခေါင်းက လေထဲတွင် လွင့်ထွက်သွားသည်။

ခေါင်းတခြားကိုယ်တခြား ဖြစ်သွားသော ချန်ထျန်ချီကို ရှောင်လုံက မထီတရီ အပြုံးဖြင့် ကြည့်နေသည် ။

ဒီတစ်ကြိမ်ရော မင်းကိုယ်မင်း ဘယ်လို ပြန်ကုအုံးမလဲ .....!

လေထဲတွင် လွင့်စင်သွားသော ချန်ထျန်ချီ၏ ဦးခေါင်းက နယ်မြေခေါင်းဆောင်များ၏ ခြေရင်းသို့ ပြန်ပြုတ်ကျလာသည်။

".... ဂိုဏ်းချုပ်ချန် ...."

နယ်မြေခေါင်းဆောင်တစ်ယောက် အရှေ့ထွက်ပြီး ချန်ထျန်ချီ ဦးခေါင်းကို ကိုက်ယူဖို့ ကြိုးစားလိုက်စဉ်မှာ လေထဲမှာ ငြိမ်နေသည့် အဆိပ်နောက်ချေးပိုးလေးတွေက စတင်လှုပ်ရှားလာပြီး ထိုနယ်မြေခေါင်းဆောင်ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည် ။ တခြားနယ်မြေခေါင်းဆောင်များ၏ ကြောက်လန့်တုန်လှုပ်နေကြသော အကြည့်တွေအောက်မှာ ချန်ထျန်ချီ ဦးခေါင်းကို ကောက်ယူဖို့ ကြိုးစားလိုက်သော နယ်မြေခေါင်းဆောင်က အရိုးဖြူဖြူကြီး ဘဝသို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ