ရွှေပိုးချည်ကောင်၏ အမျှင်ဆိုသည့် စကားကိုကြားတော့ ကျောင်းရှုနှင့် ကျန်းဖူက မျက်နှာပျက်သွားသည် ။
နတ်ဘုရားကျောင်းတော်က ဤကဲ့သို့ ထူးခြားသောအရာဝတ္ထုတွေကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ ။

သူတို့နှစ်ယောက်လုံးက ဒဏ္ဍာရီဆန်သော ရွှေပိုးချည်ကောင်၏ အမျှင်အကြောင်းကို ကောင်းကောင်းကြီးသိထားကြသည် ။ ရွှေပိုချည်ကောင်က အနှစ်တစ်သောင်းကြာမှ ပိုးချည်မျှင်ကို တစ်ခုသာ ထုတ်သည် ။ ရွှေပိုချည်ကောင်၏ အမျှင်က စကြာဝဠာသိုင်းပညာရှင်များ၏ ကြံခိုင်မာကျောလှပါသည်ဆိုသော အသားကိုတောင် အပြင်းအထန် နာကျင်စေနိုင်စွမ်းရှိသည် ။

သို့သော် ရှောင်လုံက လွေယန်ကို လျစ်လျူရှုကာ ချန်ထျန်ချီတို့ လူစုဘက်သို့ ကြည့်လိုက်ပြီး သူလက်သူကြွယ်ကညနတ်လက်စွပ်ကို ထောင်ပြလိုက်သည် ။ ရှောင်လုံ လက်သူကြွယ်တွင် ဝတ်ဆင်ထားသော နတ်လက်စွပ်က နေရောင်ခြည်အောက်တွင် အေးစက်စက် အလင်းတန်းများဖြင့် တောက်ပလာသည် ။ ထိုအပြင် နတ်လက်စွပ်ဆီကနေ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လျက်ရှိနေသည် ။

"... နတ်လက်စွပ်ပါလား ....!"

နတ်လက်စွပ်ကိုမြင်လိုက်တော့ ချန်ထျန်ချီအနောက်မှာရှိနေကြသည့် နယ်မြေခေါင်းဆောင်တွေကဘမျက်နှာပျက်ကုန်ကြသည်။ ထိုအတူ သူတို့မျက်လုံးထဲမှာ မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေကြသည် ။

နတ်တံခါးဂိုဏ်းကို အမြင့်မြတ်ဆုံးကိုယ်စားပြုသည့် သင်္ကေတမှာ နတ်လက်စွပ်ပင် ဖြစ်သည် ။ ရှောင်လုံက ရုတ်တရက်ပြောလိုက်သည်

"...နတ်လက်စွပ်ကို မြင်ရခြင်းဟာ ဂိုဏ်းချုပ်ကိုမြင်ရခြင်းပဲ ....ချက်ချင်း ဒူးထောက်ကြစမ်း ...."

ရှောင်လုံ အသံထဲမှာ ထူးခြားသော လွှမ်းမိုးမှုအရိပ်အယောင် တစ်ချို့ပါဝင်နေသည်။
ချန်ထျန်ချီဘက်မှ နယ်မြေခေါင်းဆောင်တွေကဘရှောင်လုံအသံကိုကြားပြီး တုန်လှုပ်ခြောက်ခြားကုန်ကြသည် ။ ထူးခြားသော လွှမ်းမိုးမှုကြောင့် သူတို့အကုန်လုံး ဒူးကွေးညွတ်၍ အလေးပြုတော့မည့် အချိန်မှာ ချန်ထျန်ချီ၏ ကျယ်လောင်သော အော်သံကြောင့် သတိပြန်ဝင်လာကြသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now