ရှောင်လုံက သူ့နတ်လက်စွပ်ထဲမှ ကျောက်စိမ်ပုလင်းတစ်လုံးကို ထုတ်ယူ၍ ရှီဖန်ထျန်ကို ပေးလိုက်သည်

".... ဒါလေးကို ဒီရက်ပိုင်းမှာ အကိုကြီး အရမ်းဧည့်ဝတ်ကျေခဲ့တဲ့ အတွက် ညီလေးရဲ့ လက်ဆောင်လို့ သဘောထားပေးပါ ... ကျွန်တော်မှာ ပေးစရာပစ္စည်းကောင်းကောင်းတော့ မရှိပါဘူး ..
ဒီပုလင်လေးထဲမှာ ရွှေကျောက်စိမ်းနဂါး ဆေးလုံး ဆယ်လုံးပါပါတယ် ... "

"....ဒဏ္ဍာရီထဲက နဂါးမျိုးနွယ်စုရဲ့ ရွှေကျောက်စိမ်းနဂါး ဆေးလုံးကိုပြောတာလား ...?"

ရှောင်လုံလက်ထဲမှ ပုလင်းလေးကိုကြည့်ရင်း ရှီဖန်ထျန် တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည် ။ ဘုရင်မ လင်မန်ဖေး နှင့် မင်းသမီး ရှီရှောင်ဖေးတို့ကလည်း အရမ်း အံ့သြသွားပုံပေါ်သည် ။

ရှီဖန်ထျန်က အံ့သြနေရာကနေ သတိပြန်ဝင်လာပြီးနောက် ခေါင်းခါပြလိုက်သည်

".... မယူပါရစေနဲ့ ညီလေး ... မင်းဆေးလုံးက အရမ်းကိုတန်ဖိုးကြီးလွန်းတယ် ... အကိုလက်ခံလို့မဖြစ်ဘူး ...."

ရှောင်လုံပေးလိုက်သော ရွှေကျောက်စိမ်းနဂါးဆေးလုံးက နဂါးမျိုးနွယ်စုထဲမှာတောင် အရမ်းရှားပါးသော ဆေးလုံးဖြစ်ပြီး ဆေးတစ်လုံးချင်းစီကလည်း အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလေသည် ။

ရှောင်လုံက ထပ်ပြီး ဖြောင်းဖြစကားဆိုလိုက်သည်

".... ဒီဆေးလုံးတွေကို ကျွန်တော်ရှေးဟောင်းနဂါးသိုက်ထဲကနေ ရှာတွေ့လာတာ ... ကျွန်တော်ဆီမှာ အများကြီးကျန်သေးတယ် ...ယူလိုက်ပါ...."

အများကြီး ရှိသေးတယ် ...?
ရှ်ီဖန်ထျန်က ရှောင်လုံက တခဏတာလောက် သတိလက်လွတ် ငေးကြည့်နေလေသည်။ နောက်ဆုံးတော့ ထပ်ငြင်းနေရင် မကောင်းတော့တာကြောက့် လက်ခံလိုက်သည်

".... ဒါဆိုလည်းကောင်းပြီလေး ... ညီလေးလက်ဆောင်ကို အကိုက ဝမ်းမြောက် ဝမ်းသာ လက်ခံပါ့မယ် ...."

ထိုနောက် ရှောင်လုံအကြည့်တွေက ရှီရှောင်ဖေးဆီသို့ ရောက်ရှိသွားလေသည် ။ ရှောင်လုံက ခဏလောက် စဉ်းစားလိုက်ပြီး လက်သီးဆုပ်အရွယ်လောက်ရှိသည့် ပတ္တမြားသဖွယ် နီရဲနေသောအလုံးလေးနှစ်ခုကို ထုတ်၍ ရှီရှောင်ဖေးကို ပေးလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now