ရှောင်လုံအပေါ်ကို အထင်သေး ရှုံ့ချသောစကားသံတွေ အဆက်မပြတ်ထွက်ပေါ်လာလေသည် ။
ရှီရှောင်ဖေးကလည်း ခေါင်းခါလိုက်သည်။ 
သူမစိတ်ထဲတွင် ရှောင်လုံဘက်က ခုန်ရှောင်သည်ဖြစ်စေ ခုခံကာကွယ်သည်ဖြစ်စေ အနဲငယ်မျှလောက်တော့ တုံ့ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့လေသည် ။ သို့သော် ချန်ချန်းလက်ဝါးကို ထိမှန်သွားပြီးမှတော့ အရာအားလုံးက နောက်ကျသွားခဲ့လေပြီ ...။

ရှီရှောင်ဖေးက စိတ်ပျက်လက်ပျက်ဖြင့် နောက်ပြန်လှည့်တော့မည့်အချိန်တွင် အာမေထိတ်ရေရွတ်များဖြင့် ရင်ပြင်ကျယ်ကြီး တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ရှီရှောင်ဖေးလည်း အံသြသွားပြီး နောက်ပြန်လှည့်ကြည့်လိုက်လေသည်။ ထိုသို့နောက်မှ လှည့်ကြည့်လိုက်တော့မှ သူမ၏  လှပသော မျက်လုံးဝိုင်းဝိုင်းလေးတွေက အလွန်တရာ အံ့အားသင့်မှုကြောင့် အနဲငယ်ပြူးကျယ်သွားသည်။

ရှောင်လုံအနောက်ဘက်တွင် ရှိနေသည့် ဝမ်ဒေါင်ကတော့ သူ့ကိုယ်သူ သေလူဟု သတ်မှတ်ကာ မျက်လုံးမှိတ်ရင်း သေမင်းခေါ်တာကို စောင့်စားနေသည် ။ ပတ်ဝန်းကျင်မှ အာမေထိတ်အသံတွေကြောင့် သူလည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုအခါ ရှောင်လုံက သူ့အရှေ့ဘက်တွင် တောင်ကြီးတစ်လုံးလိုမျိုး မားမားမတ်မတ်တည်ရှိနေတာကို မြင်တွေ့လိုက်ရသည် ။

".... ဘာလဲ သူခုခံနိုင်သွားတာများလား .....?"

ရှောင်လုံက အံသြနေသော ပရိတ်သတ်ကြီးကို လျစ်လျူရှုကာ ချန်ချန်းအား မထီတရီအပြုံးလေးဖြင့် စိုက်ကြည့်လိုက်ပြီး

"..... အကန့်အသတ်မရှိလက်ဝါး .... အင်းနာမယ်ကတော့ အထင်ကြီးလောက်စရာပါပဲ ... ဒါပေမယ့် ခင်ေားလက်ဝါးသိုင်းက ဒီလောက်လေးပဲ စွမ်းတာလား ..."

စကြာဝဠာသိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီးသည့်နောက် ရှောင်လုံခန္ဓာကိုယ်၏ မာကျောမှုက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့သည်။ ယခု လက်ရှိ ရှောင်လုံ၏ ခန္ဓာကိုယ်အား နဂါးအဆီအနှစ်များဖြင့် နဂါးပုလဲလုံးလေးက ပြန်လည်တည်ဆောက်ပေးထားခြင်းဖြစ်သည် ။ ထိုကြောင့် နဂိုထဲမှ ကြောက်စရာကောင်းနေသော ရှောင်လုံခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းက ပိုပြီးကြောက်စရာကောင်းလာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now