ရှောင်လုံအကြည့်တွေကိုမြင်တော့ ချန်ချန်းက အရမ်းကို အံသြသွားသည် ။ သူ့၏ ပြင်းထန်သော လက်ဝါးနှင့် မကြာခင်မှာ ကြုံတွေရတော့မှာဖြစ်သော်လည်း ရှောင်လုံမျက်လုံးထဲတွင် ကြောက်ရွံမှုတစ်စုံတစ်ရာကို ရှာလို့မတွေ့ပေ ..။ ရှောင်လုံမျက်လုံးတွေက ကြောက်ရွံတုန်လှုပ် နေရမည့်အစား အလွန်ကိုတည်ငြိမ်နေ၏ ။

အလွန်တည်ငြိမ်မှု၏နောက်ကွယ်တွင် မနှစ်မြို့သော အရိပ်အယောင်တစ်ချို့ပင် ပေါ်လွင်နေ၏ ။
ရှောင်လုံအကြည့်တွေက ချန်ချန်း ကိုယ်ကိုကိုယ် အရမ်းအထင်ကြီး လွန်းသည်ဟု  ပြောချင်နေတာပဲ ဖြစ်သည် ။

ချန်ချန်းက ခနလောက်မှင်သက်သွားသော်လည်း ရှောင်လုံ၏ မထီတရီအကြည့်ကြောင့် ပိုပြီး ဒေါကန်သွားလေသည် ။ ထိုကြောင့် ချန်ချန်းက လက်ဝါးသိုင်းကွက်အတွင်းသို့ သူ့အတွင်းအားတွေ အကုန်လုံး ထဲ့သွင်းလိုက်သည် ။ချန်ချန်း၏ အကန့်အသတ်မရှိ ပင်လယ်လက်ဝါးသိုင်းက ရှောင်လုံရင်ဘတ်ပေါ်သို့ တည်မတ်စွာကျရောက်လာသည်။

ရှောင်လုံ ရင်ဘတ်နှင့် ချန်ချန်း လက်ဝါးတို့ ထိမှန်သွားချိန်တွင် မြင့်မြတ်သောဗုဒ္ဓကျောင်းတော်အပေါ်မှ ကောင်းကင်ထက်တွင် ရေလှိုင်းနှင့် ကျောက်ဆောင် ရိုက်ခတ်မိသောအကဲ့သို့ ပေါက်ကွဲသံတွေ အဆက်မပြတ်ထွက်ပေါ်လာသည်။

ချန်ချန်းလက်ဝါးသိုင်းကို မရှောင်တိမ်းနိုင်ခဲ့သေည ရှောင်လုံကိုကြည့်ရင်း အကုန်လုံးက ခေါင်းခါလိုက်ကြသည်။

".... ဒီကောင်လေး အမူအရာက အရမ်းတည်ငြိမ်နေလို့ သူ့ကို အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက်လို့ ထင်ထားမိခဲ့တာကွာ .... လက်စသတ်တော့ ကျားယောင်ဆောင်နေတဲ့ ခွေး ဖြစ်နေတာကို..
ငါလည်း နောက်ဆို ပန်ဟန်အမူအရာကိုကြည့်ပြီး လူတစ်ယောက်ကို အကဲဖြတ်တာကို ပြင်ရတော့မယ် ."

"..... အဲ့လိုကောင်မျိုးကို ဟန်ဆောင်ကောင်းတဲ့ လူလိမ်လို့ခေါ်တယ်ကွ .....မင်းသမီးရှီရှောင်ဖေးများ အထင်ကြီးမလားဆိုပြီး ဟန်လုပ်နေတာ နေမှာပေါ့ ......"

"....  အင်း ... ဟန်ဆောင်ကောင်းပေမယ့် ပေးဆပ်ရတဲ့ အရင်းအနှီးတော့အရမ်းကြီးတယ်ကွ .... ငါတို့ မြင့်မြတ်သော ဗုဒ္ဓ အင်ပါရာနိုင်ငံကြီးထဲမှာတောင် ချန်အိမ်တော်ဂိုဏ်းချုပ် ချန်ချန်းရဲ့ အကန့်အသတ်မရှိ ပင်လယ်လက်ဝါးသိုင်းကို ခုခံနိုင်တဲ့လူက ဘယ်နှစ်ယောက် ရှိလို့လဲ .....?"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now