ဒါဆို ဒေါင်ရမ်နဲ့ တိုက်ခိုက်နေတဲ့သူက ဘတ်လန်းဒေသရဲ့ ထိပ်သီးသိုင်းသမားဆယ်ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ နှင်းနဂါးမြို့တော်ဝန် အောင်းဂူ ပေါ့ ......!

"... ကျောင်းရှု ....ဒေါင်ရမ်ကို ခင်ဗျားသွားကယ်လိုက်ပါ....."

ရှောင်လုံက ကျောင်းရှုကို ပြောလိုက်သည် ။

"... ကောင်းပါပြီ သခင်လေး ..."

ကျောင်းရှုက လေးလေးစားစားပြန်ဖြေရင်း ဖျက်ကနဲ ပျောက်ကွယ်သွားပြီး နှင်းနဂါးအောင်းဂူအား တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ရှောင်လုံကလဲ အချိန်ဆွဲမနေပဲ လီကျင်းပင်နှင့် ဝမ်လင်းတို့နှစ်ယောက်ကို ဝင်ပြီးတိုက်ခိုက်လိုက်သည် ။

နှင်းနဂါး အောင်းဂူက ဒေါင်ရမ်နှင့် ကစားနေရတာ ပျင်းလာပြီး သူ့ကိုသတ်တော့မည့်အချိန်တွင် သူကို ဆုတ်ဖြဲပြစ်နိုင်လောက်အောင် စွမ်းအားကြီးမားသော အင်အားလှိုင်းတစ်ခုက ရုတ်တရက်ရောက်ရှိလာလေသည် ။ အောင်းဂူလဲ ထိတ်လန့်သွားပြီး အနောက်သို့ အလျင်အမြန်ခုန်ရှောင်လိုက်သည် ။ သို့သော်အင်အားလှိုင်းများ၏ အစွန်အဖျားတွေကို ရှောင်တိမ်းရင်   အနောက်ဘက်သို့ ဆုတ်ပေးလိုက်ရသည်။ ထိုအချိန်တွင် လီကျင်းပင်နှင့် ဝမ်လင်းတို့နှစ်ယောက်ကိုလဲ ရှောင်လုံနှင့် ဖန်ယန်က အနောက်ဘက်သို့ တွန်းထုတ်နိင်လိုက်ကြသည်။

နှင်းနဂါး အောင်းဂူက ရှုတည်တည်မျက်နှာထားဖြင့် မေးလိုက်သည်
".... ခင်ဗျား ဘယ်သူလဲ .....?"
သူ့ကိုတိုက်ခိုက်လိုက်သော အင်အားကို အကဲခတ်ကြည့်ရုံဖြင့် ထိုသူ၏ အစွမ်းက သူ့နှင့် တန်းတူလောက်ရှိတယ်ဆိုတာကို အောင်းဂူတစ်ယောက် သဘောပေါက်လိုက်သည် ။

  ထိုအချိန်တွင် လီကျင်းပင် အောင်ဂူအနားသို့လာပြီး

".... ဆရာ ဟောင်ရှောင်လုံဆိုတာ သူပါပဲ ....."

".... ဟောင်ရှောင်လုံ ဟူတ်လား ...?"

အောင်းဂူက လီကျင်းပင် ညွန်ပြသည့် အတိုင်း ရှောင်လုံကို တချက်လှမ်းကြည့်လိုက်သည်။တောက်ပသော နေမင်းမြို့တော်အတွင်း ရှောင်လုံက နတ်ဘုရားကျောင်းတော်မှ အကြီးအကဲ ယောင်ဖေးကို သတ်ဖြတ်လိုက်သည့်သတင်းက သိုင်းဝိညာဉ်ကမ္ဘာထဲတွင် အရမ်းကို နာမယ်ကြီးနေတာကြောင့် အောင်းဂူကလဲ ထိုသတင်းကို ကြားဘူးပြီးသားဖြစ်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now