"... ပြန်ဆုတ်ကြမယ် ....

လီမိုလင်၏ အမိန့်သံထွက်ပေါ်လာသည်။သူမအသံထွက်ပေါ်လာသည့်နှင့်တပြိုင်နက် လီမိုလင်က အတွင်းအားအကုန်ထုတ်သုံးကာ ရှောင်လုံ ၊ ဒေါင်ရမ် နှင့် တခြားလူများ အနောက်ဆုတ်သွားအောင် အစိမ်းရောင် အလင်းတန်းတွေအများကြီးကို ထုတ်လွှတ်လိုက်သည်။ ရှောင်လုံတို့ ခနနောက်ဆုတ်သွားချိန်တွင် လီမိုလင် ၊ ယောင်ရှန် နှင့် အကြီးအကဲ သုံးယောက်တို့က မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

လီမိုလင်တို့လူစုက ယခုကဲ့သို့ အောင်မြင်စွာ ဖောက်ထွက်သွားနိုင်လိမ့်မည်ဟု ရှောင်လုံက ထင်မထားခဲ့ပေ ..။

".... မလိုက်နဲ့တော့ ..."
ကျောင်းရှုက လိုက်ဖို့ ပြင်နေစဉ် ရှောင်လုံကတားဆီးလိုက်သည်။ ထိုနောက် ရှောင်လုံက သူတို့ကို မျက်လုံးပြူးကာ ဝိုင်းကြည့်နေကြသော ပတ်ဝန်းကျင်မှ လုအုပ်ကြီးကိုမြင်ပြီး

".... ကျုပ်တို့လဲ ဒိနေရာကနေ အမြန်ဆုံးသွားကြရအောင် ...."

ကျောင်းရှုတို့က ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် ရှောင်လုံတို့လူစုက ပျံသန်းကာ လေထုအတွင်း၌ ပျောက်ကွယ်သွားကြသည်။ ရှောင်လုံက မထွက်ခွာခင်မှာ ယောင်ဖေး၏ သိုလှောင်လက်စွပ်ကို ယူခဲ့ဖို့လဲ မမေ့ခဲ့ပေ ...။

လီမိုလင်နှင့် နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတွေ ဆုတ်ခွာသွားတာကိုမြင်တော့ တောက်ပသောနေမင်းမြို့တော်ဝန်၏ စိတ်ထဲတွင် သူ့အသက် သက်တမ်းတစ်ဝက်လောက်ကုန်လွန် သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့တောင်မနိင်လို့ထွက်သွားပြီဆိုမှာတော့ သူက ဘာဆက်လုပ်ရမှာလဲ .....?

ယောင်ဖေးလို စကြာဝဠာသိုင်းပညာရှင်မျိုးကတောင် ရှောင်လုံအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတော့ ရှောင်လုံသာ သူ့ကိုသတ်ချင်ရင် လေတစ်ချက်မှုတ်ခိုက်ရုံနဲ့တင် လုံလောက်နေပြီပဲ ဖြစ်သည်။

သို့သော် ကံအားလျော်စွာဖြင့် ရှောင်လုံက သူ့ကို မေ့သွားခဲ့ဟန်တူပြီး ဘာမှ မလုပ်ပဲ ထွက်သွားခဲ့သည် ။ ရှောင်လုံတို့လူစု ပျောက်ကွယ်သွားတာကိုမြင်တော့မှ ဝမ်ချောင်က မိုင်ပေါင် တစ်သိန်းလောက် ခြေကျင်ပြေးထားရသူတစ်ယောက်လို သူ့ဒူးခေါင်းတွေ တဆတ်ဆတ်တုန်နေတာကို မနဲ ထိန်းလိုက်ရသည်။
သူအကျီတစ်ထည်လုံးမှာလဲ ချွေးများဖြင့် ရွဲနစ်နေသည်။ ထိုအပြင် သူယဥအောက်မှ အကျီတွင် အရည်တစ်ချို့ဖြင့် စိုစွတ်နေဆလသည်။ ထိုအရည်တွေ ဘယ်ကနေ ထွက်ခဲ့သလဲဆိုတာကိုတော့ သူကိုယ်တိုင် မသိပေ ...။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now