ဒဏ္ဍာရီထဲက ကောင်းကင်ရတနာတွေ တကယ်ပဲ ပြန်ပေါ်လာတာလား.....!
ထိုအပြင် ပေါ်လာသော ကောင်းကင်ရတနာတွေကလဲ အဆင့်၁၀ အတွင်းဝင်သည့် ကောင်းကင်ရတနာတွေကြီးပဲ ဖြစ်နေကြသည်။
သညမန်အချိန်တွင် ကောင်းကင်ရတနာတစ်ခုကိုတောင် အလွန်မြင်တွေရဖို့တောင်အလွန် ခက်ခဲလေသည်။
ယနေ့တော့ ကောင်းကင်ရတနာနှစ်ခုတောင်မှ တပြိုင်နက်ထဲ ပေါ်ထွက်လာခဲ့ချေပြီ။
ပေါ်ထွက်လာသည့်ပင်မအရင်းအမြစ်ကလဲ ရှောင်လုံဆီကပဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်ဝါးသိုင်းကြောင့် တစ်ကိုယ်လုံးလှုပ်ရှား၍ မရသော နတ်ဘုရားကျောင်းတော်မှ အကြီးအကဲက ရှောင်လုံ၏ ပကတိစိတ်ဝိညာဉ်လက်ညိုးသိုင်း ထိမှန်ကာ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ပကတိစိတ်ဝိညာဉ်လက်ညိုးသိုင်းက ကမ္ဘာပေါ်မှ ထိုးချလိုက်လျှင် ငရဲပြည်အထိ ရောက်အောင် ဖောက်ထွင်းနိုင်သည့် စွမ်းအားရှိသည်ဟု ဆိုရိုးစကားတွေရှိကြသည်။

ပတ်ဝန်းကျင်မှ ရှောင်လုံလက်ညိုးသိုင်းအပေါ် အလွန်အကျူး ချီးကျူးပြောဆိုနေကြသော စကားတွေကိုနားထောင်ပြီး ရှောင်လုံ၏ ပကတိစိတ်ဝိညာဉ် လက်ညိုးသိုင်း ထိမှန်ထားသော
အကြီးအကဲမှာ သူရင်ဘတ်က လက်တလော ဒဏ်ရာကိုတောင် မေ့လျော့နေလေသည်။

တစ္ဆေကြီး ဖန်ယန်က ထိုအခွင့်အရေးကို အသုံးချကာ အကြီးအကဲနားသို့ မသိမသာ ချဉ်းကပ်သွားသည်။ ထိုနောက် သူ့ကိုယ်ထဲမှ ရုတ်တရက် ရေကာတာကျိုးပေါက်သလိုမျိုး များပြားသော တစ္ဆေအော်ရာတွေ ထွက်ပေါ်လာပြီး သုံးမြှောင့် ခက်ရင်းခွကြီးကလဲ သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ခက်ရင်းခွကြီးက တစ္ဆေကြီးဖန်ယန်လက်ထဲသို့ ရောက်ရှိပြီးနောက်တွင် သွေးနီရောင်များဖြင့် တောက်ပလာသည်။

ထိုနောက် ဖန်ယန်က သူ့လက်ထဲမှ ခက်ရင်းခွကြီးကို အံသြဖွယ်ရာ အမြန်နှုန်းဖြင့် အကြီးအကဲထံသို့ ပစ်လွှတ်လိုက်သည်။ သူ့နားမှ လေကို ဖောက်ထွက်လာသော အသံကိုကြားပြီး အကြီးအကဲက အံအားသင့်နေရာကနေ သတ်ပြန်လည်လာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now