ထိုအခါရှောင်လုံက သူ့ကိုယ်ထဲမှ မီးအဆီအနှစ်တွေကို အသုံးပြု၍ မီးပုံတစ်ခုကို ဖန်တီးလိုက်သည်။ ရှောင်လုံက ထင်းတွေကိုအသုံးမပြုဘဲ  သူ့ကိုယ်ထဲမှ မီးအဆီအနှစ်သက်သက်ဖြင့်သာ မီးမွှေးထားတာကို မြင်တော့ ဒေါင်ရမ်နှင့် တခြားလူတွေအကုန်လုံး အံသြမှင်သက်ကုန်ကြသည်။

ရှောင်လုံ ပြုလုပ်ထားသော မီးပုံက သစ်သားကိုမီးရှို့ထားခြင်းထက် အများကြီးပိုလင်းကာ တောင်ကုန်းထိပ်တစ်ခုလုံးတွင် နေခင်းကြောင်တောင်ကဲ့သို့ လင်းထိန်နေသည်။

ကျောင်းရှုက ရှောင်လုံနှင့်အတူနေထိုင်ခဲ့စဉ်၌ အံသြစရာပေါင်းမြောက်များစွာကို မြင်တွေ့ခဲ့ဘူးတာကြောင့် သူအနေဖြင့် ဒေါင်ရမ်နှင့် အဖိုးအိုနှစ်ယောက်ထက်စာရင် အများကြိးပို၍  တည်ငြိမ်နေသည်။

ဒေါင်ရမ်နှင့် အဖိုးအိုနှစ်ယောက်မှာမူ ရှောင်လုံအား အံသြခြင်းများစွာဖြင့် ငေးမောကြည့်နေကြသည်။
ထိုနောက် သူတို့အားလုံးက မီးပုံဘေးတွင် ဝိုင်းဖွဲ့ကာ ထိုင်လိုက်ကြသည် ။ ဒေါင်ရမ်တို့လူစုက ရှောင်လုံနံဘေးတွင် ဝင်ထိုင်လိုက်သည့် ဧရာမလူသားကြီးကို
စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ဖန်ယန်က သူ့တကိုယ်လုံးကို အဝတ်နက်ကြီးဖြင့် ခြုံထားပြီး ခရီးထွက်လာသည့် လမ်းတစ်လျှောက်တွင် စကားတခွန်းမှလဲ မပြောပေ ...။
သို့သော် ဖန်ယန်ကိုယ်မှ ထွက်ပေါနေသည့် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါတွေက ဒေါင်ရမ်ရင်ထဲမှာ တစ်မျိုးကြီး ခံစားနေရသည်။

ထိုကဲ့သို့ ထူးဆန်းသောလူတွေကို ဦးဆောင်ထားနိုင်ခြင်းကြောင့် ဒေါင်ရမ်က ရှောင်လုံ၏ နောက်ခံအကြောင်းကို အရမ်းစိတ်ဝင်စားနေလေသည် ။ သိူ့သော် ရှောင်လုံက တခွန်းမှမဟတာကြောင့် ဒေါင်ရမ်အနေဖြင့် မေးဖို့ ခက်နေသည်။

  ဒေါင်ရမ်လိုမျိုး ဒေါင်ရမ်းတက္ကသိုလ်၏ ကာကွယ်စောက်ရှောက်သူအဖိုးအိုနှစ်ယောက်ကလဲ ဖန်ယန်နှင့် ပတ်သတ်ပြီး အရမ်းကို စိတ်ဝင်စားနေသည်။ သူတို့စိတ်ထဲတွင် ဖန်ယန်နှင့် ပတ်သတ်ပြီး
ဖြစ်နိုင်ခြေများစွာကို ခန့်မှန်းနိုင်ခဲ့သော်လည် ဖန်ယန်က တစ္ဆေတစ်ကောင်ဖြစ်နေလိမ့်မယ်လို့
လုံးဝထင်မထားကြပေ ...။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now