ငိုရလွန်းလို့ မျက်လုံးအိမ်လေးတွေ ဖောင်းမို့
နေခဲ့တဲ့ ချစ်သူလေးရဲ့ မျက်နှာကို မြင်တိုင်း
နှလုံးအိမ်ထဲ နောင်တတရားတွေက မွတ်သိပ်နေလေသည်။ တစ်ဖက်ခန်းက ကလေးငယ်ဟာ ဟန်ဘင်းရဲ့ သွေးသားဆိုတာ သေချာသလိုရှိနေတဲ့ အခြေအနေမှာ သူဘာကို ဆက်လုပ်ရမည်လဲ။ DNA ဆိုတဲ့ ဆေးစစ်ချက် အဖြေက ဟန်ဘင်းရဲ့ဘဝနဲ့ဆိုင်တယ်။

ဟန်ဘင်း သိပ်ကြောက်တာမို့ ထိုအရာကို လုပ်ဖို့လဲမရဲဘူး။ တကယ်တမ်း ထိုက​လေးဟာ ဟန်ဘင်းနဲ့သာ ဆိုရင် အမှားတွေ အ တွက် ပေးဆပ်ဖို့ အဆင်သင့်ပါပဲ။ သို့သော်
အဲ့လိုဟုတ်မနေခဲ့ရင်ရော ဆိုတဲ့ အကြောက်
တရားက သူ့ကိုသတ်နေတယ်။ အဖေဖြစ်သူဟန်ဘင်းအားပြော ဖူးတဲ့စကားတစ်ခွန်းရှိတယ်။ နူလ်ဘင်း ဆိုတဲ့ ကလေးဟာ ဟန်ဘင်း ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲတဲ့။

စကားပြောတဲ့ ပုံစံအစ ဂျစ်တိုက်တဲ့အပြုမူအဆုံး သူနဲ့တူတာပါတဲ့။ ထိုအချိန်က သူဟာ သွေးဆူနေခဲ့တဲ့ကာလ ဆိုတော့ မဲမဲမြင်အကုန်ပတ်ရမ်းကာ မဖြစ်နိုင်ကြောင်း အ ကြောက်အကန် ငြင်းမိတယ်။ လေးနှစ်လုံး
ဥပ္ပခါပြုခဲ့ပေမယ့် နှစ်ရက်ဆိုတဲ့ အချိန်အတွင်းမှာ သံယောဇဉ်ကြိုးဖြူလေးအား ထို
ကလေးငယ်က ဟန်ဘင်းထံ ချည်နှောင်လာတယ်။

ဖြူစင်လွန်းတဲ့ ကလေးငယ်က သူနဲ့သိပ်တူ
ကြောင်း မသိစိတ်က လက်ခံချင်မိလာတယ်။
ဒယ်ဒီလို့ခေါ်တဲ့ ကလေးငယ်ရဲ့ အသံလေးကို အမြဲကြားချင်လာတယ်။ ဟန်ဘင်းရဲ့သား​လေးများလားလို့ တွေးမိလာလေ ပိုလို့မျက်ရည်တွေ ထိန်းမရဖြစ်လာလေပဲ။ နှာရှုံ့သလိုအသံကြားလိုက်တာကြောင့် သွယ်ဖက်ထားတဲ့ ဟန်ဘင်းရဲ့လက်ကို ဟာအိုကဆုပ်ကိုင်ကာ အောက်ပိုင်း လှုပ်ရှားမှုကို ရပ်စေတယ်။

နှစ်ဦးသား ရမက်တို့ကို ခတ္တခဏ ထိန်းဖို့ရန်
ချိတ်ဆက်ထားတဲ့ အရာနှစ်ခုအား လွတ်လပ်
စေလိုက်တယ်။ တဖြေးဖြေးချင်း လှည့်
ကြည့်လာတဲ့ ဟာအိုက အမှောင်ထုကြားမှ
ခပ်ဖျော့ဖျော့မြင်ရတဲ့ မောင့်မျက်နှာကို နား
မလည်သလိုလေး ကြည့်နေမိတယ်။

" မောင်...ဘာဖြစ်လို့လဲ... ငိုနေတာလား ''

" တောင်းပန်ပါတယ်...''

~ TRUST ME ~Where stories live. Discover now