အပိုင်း(၂၈)

135 8 0
                                    


ကမ်ဘာတည်သရွေ့ချစ်နေမယ်

Ep_28

"လွှတ်....ခင်ဗျားဒါဘာလုပ်တာလဲ"

"မင်းဘာလို့ သူများအတွဲကိုချောင်းနေသေးလဲ"

"အဲ့ဒါ ခင်ဗျားနဲ့ဘာဆိုင်လည်း"

Hoseok စိတ်မရှည်ဟန်ဖြင့်ပြောကာလှည့်ထွက်ဖို့လုပ်တော့ လက်ကိုဆောင့်ဆွဲလာလို့ ခြေထောက်ကလိမ်သွားတာကြောင့် လဲမကျဖို့ရာ မျက်ဝန်းသေတွေနဲ့လူရဲ့အကျႌစကိုဆုပ်ဆွဲမိတော့ သူ့ကိုမမှိတ်မသုန်ကြည့်လာသည်။

ဘယ်တုန်းကမှကြည့်မရခဲ့တဲ့မျက်ဝန်းသေတွေနဲ့လူ။မရယ်မပြုံးမျက်နှာက တခါတေလ ခပ်မဲ့မဲ့အပြုံးတွေပြုံးတတ်ပြီး ဂိုဏ်းစတားတစ်ယောက်လို အပြုအမူတွေနဲ့။

ဆုပ်ကိုင်ထားမိတဲ့ လက်တွေကိုလွှတ်ကာ ထိုလူနဲ့ခပ်ဝေးဝေးအနေအထားရောက်အောင်အနောက်ကိုဆုတ်လိုက်သည်။ပြီးတော့လက်ညိုးထိုးကာ

"ခင်ဗျားသူငယ်ချင်းကို ခင်ဗျားပြောထား ကျွန်တော့်သူငယ်ချင်းကိုနာကျင်အောင်ထပ်မလုပ်နဲ့လို့"

"အဲ့ဒါငါနဲ့ဘာဆိုင်လဲ....သူ့သွားပြောလေ"

ပုခုံးတွန့်ကာ ပြောလာပုံကတွေ့ရာနဲ့ကောက်ပေါက်ချင်စရာ။ပြီးတော့သူရှိရာသို့တဖြည်းဖြည်းတိုးလာတာကြောင့် နောက်မဆုတ်ဘဲ ခန္ဓာကိုယ်ကိုမတ်မတ်ထားကာရင်ဆိုင်လိုက်သည်။

"မင်းနဲ့ငါ နမ်းဖူးကြသေးတယ်နော်"

"အမေ့!!"

Yoongi အရှေ့ကကောင်လေးကိုစချင်လာ၍ စကားစလိုက်တော့ အလန့်တကြားဖြစ်ကာ နောက်ကိုလန်ကျဖို့ဖြစ်တော့ လက်တစ်ဖက်နဲ့ ခါးကိုသိမ်းပွေ့ကာ လဲမကျအောင် ထိန်းလိုက်သည်။

တလျပ်လျပ်ဖြစ်လာတဲ့ ရင်ခုန်သံတွေကို Hoseok တစ်ယောက်မျက်တောင်တွေပုတ်ခက်ပုတ်ခက်ဖြင့်မလုံမလဲအကြည့်လွှဲပစ်သည်။

"ရင်ခုန်သွားတာလား Jung Hoseok shii"

"သေလေ"

ခါးကိုကိုင်ထားတဲ့လက်ကိုအတင်းဆွဲဖြုတ်ချကာ ထိုနေရာမှခပ်သုတ်သုတ်လေးထွက်လာခဲ့လိုက်သည်။

Min Yoongi ဆိုတဲ့လူပျောက်သွားလိုက်တာများ အကြာကြီး။ခုပြန်ရောက်တော့လည်းသူနဲ့အရင်ကသိခဲ့တဲ့အတိုင်းတစက်လေးမှမတည့်။ဘယ်လိုလူမှန်းကိုမသိ။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now