အပိုင်း(၉)

110 10 0
                                    


ကမ္ဘာတည်သရွေ ချစ်နေမယ်

အပိုင်း(၉)

Seok Jin ဒီနေ့လည်းအစောကြီးကျောင်းကိုထွက်လာခဲ့ပြန်သည်။ဒီနေ့မှထူးထူးခြားခြားနှင်းတွေကျနေသဖြင့်သူ့စိတ်ထဲတစ်မျိုးကျေနပ်သွားရသည်။နှင်းမှုံလေးတွေကျတာကိုပျော်တယ်.....

လည်ပင်းမှာပတ်ထားတဲ့မိုးပြာရောင်မာဖလာလေးကိုသေချာပြန်ပြင်လိုက်သည်။ Jungkook ကိုက်လိုက်လို့အကွင်းလိုက်ဖြစ်နေတဲ့လည်ပင်းသားတွေကိုဖုံးဖိရန်ဝတ်လာတာဆိုပိုမှန်လိမ့်မယ်......ဒီနေ့ထမင်းဘူးလည်းယူလာခဲ့တယ်....လူစုံတဲ့ကန်တင်းမှာထပ်ပြီးအရှက်မကွဲအောင်လို့......စာတွေလည်းတော်တော်နောက်ကျနေပြီမို့ Tae Hyung ကိုရှင်းပြခိုင်းရဦးမယ်.....Tae Hyung အတွက်တောင်ပီကေဘူးလေးတစ်ဘူးဝယ်ခဲ့သေးသည်။

Seok Jin ကျောင်းဝန်းထဲဝင်ခဲ့တော့ ​ကျောင်းသားအချို့သာရောက်သေးသည်။ Seok Jinလည်းအခန်းထဲသို့ခပ်မြန်မြန်ဝင်ခဲ့တော့သည်။

အခန်းထဲရောက်တော့ Jungkookရဲ့သူငယ်ချင်းတွေထဲကတစ်ယောက်နှင့် နောက်ထပ်ကျောင်းသားလေးငါးယောက်သာရှိသေးသည်။

Seok Jin သူတို့ကိုတစ်ချက်သာဝေ့ကြည့်လိုက်ပြီးထိုင်နေကျခုံမှာဝင်ထိုင်ဖို့လုပ်တော့ ထိုခုံပေါ်သို့ပစ်ချလာသောလွယ်အိတ်အနက်ရောင်လေးတစ်လုံး....Seok Jin မော့ကြည့်မိလိုက်တော့

"ဟမ်....ကြောင်ပေါက်လေး"

"ဟင်"

Yoongi မနေ့ကအဖြူထည်လေးကိုတွေ့ချင်တာကြောင့် Jungkookကိုတောင်ဖုန်းမဆက်ဘဲအရင်ထွက်လာခဲ့လိုက်သည်။အခန်းထဲဝင်ဝင်ချင်းအဖြူထည်လေးကိုတွေ့လိုက်တာကြောင့်အနားကိုလျှောက်သွားလိုက်ပြီးအဖြူထည်လေးထိုင်မယ့်ခုံပေါ်သို့လွယ်အိတ်ကိုပစ်ချလိုက်တော့သူ့ကိုမော့ကြည့်လာပြီးခေါ်လိုက်တာက ဘာတဲ့...ကြောင်ပေါက်လေးဆိုဘဲ......

"ငါ့ကိုဘယ်လိုခေါ်လိုက်တယ်"

"ကြောင်ပေါက်လေးလို့ခေါ်လိုက်တာလေ....တကယ်လည်းမင်းကတကယ့်ကြောင်ပေါက်လေးနဲ့တူနေတာဘဲလေ"

Seok Jin ပြုံးပြီးပြောလိုက်တော့ သွားသေးသေးလေးတွေပေါ်သည်အထိသူ့ကိုရီပြလာခဲ့သည်။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now