အပိုင်း(၂၄)

133 8 0
                                    


ကမ္ဘာတည်သရွေ့ ချစ်နေမယ်

Ep-24

"Jung.....Jungkook....ဘာ...ဘာလုပ်တာလဲ"

ခါးကိုလာရောက်ရစ်ပတ်နေတဲ့ Jungkookရဲ့လက်ကြောင့် ကြက်သီးတွေတဖျင်းဖျင်းထကာ ခြေဖျားလက်ဖျားတွေပါချက်ချင်းအေးစက်သွားရသည်။သူ့ကျောပြင်တစ်ခုလုံးဟာလည်း Jungkook ရင်ခွင်ထဲနစ်မြုပ်နေပြီး လည်ဂုတ်ကိုခပ်ဖွဖွအနမ်းခံနေရသည်။

"Jungkook.....ဖယ်ပေး.....အင့်"

ပြွတ်စ်......

မျက်နှာကိုမော့ကာဖယ်ပေးရန်ပြောရုံရှိသေး နှုတ်ခမ်းတွေကိုဖြတ်ကနဲလာနမ်းတာကြောင့် မျက်လုံးတွေဝိုင်းစက်သွားကာ ခန္ဓာကိုယ်ပါခပ်တောင့်တောင့်ကြီးဖြစ်သွားရသည်။

Seok Jinထိုသို့ဖြစ်နေစဉ်မှာဘဲ Jungkookဟာ Seok Jinကိုအုပ်မိုးလာခဲ့သည်။ပြီးတော့ကြောင်တောင်တောင်လေးဖြစ်နေတဲ့ Seok Jinကို မေးဖျားကနေပင့်ကိုင်လိုက်ပြီး ရီဝေစူးရှတဲ့အကြည့်တွေဖြင့်ကြည့်သည်။

"ကိုယ်မင်းကိုချစ်တယ် Seok Jin"

"............"

"အဲ့ဒါကြောင့် ကိုယ့်ကိုပြန်ချစ်ပေးပါ"

Jungkook စကားကြောင့်ရဲတက်သွားတဲ့ Seok Jin မျက်နှာဟာ ခပ်မှိန်မှိန်မီးရောင်အောက်တွင်တောင် ပေါ်လွင်နေခဲ့သည်။ဒါကိုကြည့်ကာ Jungkook စချင်လာသည်။

တဖြည်းဖြည်းငုံ့ကိုင်းလာတဲ့ Jungkookရဲ့မျက်နှာကြောင့် Seok Jin မျက်နှာကိုဘေးသို့စောင်းချလိုက်သည်။ထိုအခါ Jungkookရဲ့နှုတ်ခမ်းတွေကသူ့ပါးပြင်သို့ပွတ်ဆွဲသွားလေသည်။

"မင်း! ဖယ်....ငါ့ပေါ်က"

"မဖယ်ဘူး"

"ဟာ...."

Jungkook ရုန်းကန်လာတဲ့ Seok Jinလက်နှစ်ဖက်ကို သူ့လက်ဖဝါးတွေနဲ့ဘေးတစ်ဖက်တချပ်ဆီအုပ်ကိုင်ထားလိုက်သည်။

"မင်း! ငါ့ကိုလွှတ်!"

"မလွှတ်ဘူး!!"

"မင်းဘယ်လိုဖြစ်နေလဲ Jungkook"

"ချစ်ချင်နေတာ"

"သေလေ!!"

"မင်းသာပြန်မချစ်ရင် မောင်သေသွားနိုင်တယ်"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now