အပိုင်း(၂၁)

133 8 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

Ep-21

"Baby...."

ကျွီ!!!!

ရုတ်တရက်ကားကိုလမ်းဘေးထိုးရပ်လိုက်တာကြောင့် Jungkook ကိုယ်လေးအရှေ့သို့ခေါင်းငိုက်စိုက်ကျသွားတာကြောင့် တက်တူးရှိတဲ့လက်နဲ့ကာလိုက်မိရာ အရှေ့ကမှန်နဲ့ဆောင့်မိသသည်။အစထဲကဒဏ်ဖြစ်ထားတဲ့လက်မို့ လက်ကကျင်တက်သွားရသည်။နာကျင်သွားလို့ရှုံ့မဲ့နေတဲ့ကြားက ဘေးက Seok Jinကိုဘာလို့လဲဆိုသည့်သဘောဖြင့်ကြည့်လိုက်တော့သူ့ကိုအကြည့်စူးစူးဖြင့်ကြည့်နေသည့်အနှီးလူသား။

"ဘယ်ကိုမောင်းပေးရမလဲ....ပြီးတော့ မင်းနဲ့အိပ်ဖူးတဲ့ကောင်တွေကိုခေါ်သလို ငါ့ကိုလာမခေါ်နဲ့"

"Seok Jin မကြိုက်ရင် ကိုယ်မခေါ်တော့ပါဘူး.....အခုရုပ်ရှင်ရုံကိုမောင်းပေးပါ....ကားအသစ်ထွက်တာ အဲ့ဒါကြည့်ချင်လို့"

Jungkook ဟာအရင်လိုတဇွတ်ထိုးမဆန်တော့ဘဲ ကလေးတစ်ယောက်လိုပြုမူနေတာကြောင့် Seok Jin Jungkookကို တအံ့တသြကြည့်နေမိသည်။ Jungkookကတော့ ကားမှန်ဘက်လှည့်ကာ တက်တူးနဲ့လက်ကိုကိုင်ကာပွတ်နေသည်။လက်နာသွားတာများလား။

"နာသွားတာလား"

"ရတယ်....ကိုယ်ဘာမှမဖြစ်ဘူး "

ပြုံးပြကာ လှည့်ပြောလာတဲ့ Jungkook ဟာတကယ့်ကိုကလေးပုံစံလေးနှယ်။Jungkookရဲ့အပြောအဆိုတွေကိုတော့သူအခုထိနားမလည်နိုင်သေးပေ။ဟုတ်တယ်လေ။Jeon Jungkookဆိုတာ ဒီလိုပုံစံမှမဟုတ်တာ။

"ရောက်ပြီ"

"အင်း......သွားရအောင်လေ"

"ဘယ်ကိုလဲ"

"ရုပ်ရှင်တူတူကြည့်ဖို့လေ"

"မလိုက်"

"အနမ်းခံချင်လို့လား"

လာပါပြီ တကယ့် Jeon Jungkook။သူ့မျက်နှာနားသို့တိုးကပ်လာတဲ့ Jungkookရဲ့မျက်လုံးရွဲရွဲတွေက သူ့နှုတ်ခမ်းတွေကိုကြည့်ကာ လျှာတသပ်သပ်လုပ်နေတာကြောင့် ခါးပေါ်မှခါးပတ်ကြိုးကိုဖြုတ်ကာ ကားပေါ်မှဆင်းလိုက်သည်။

"မင်းကြည့်မယ့်ကားက ဘယ်ဇာတ်ကားလဲ"

"အသဲတယားယားနဲ့ကြည့်ရမယ့် သဲထိတ်ရင်ဖိုလူသတ်ကား"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now