အပိုင်း(၆)

114 8 0
                                    


ကမ်ဘာတည်သရွေ့ချစ်နေမယ်

အပိုင်း(၆)

ထိုးကိုက်လာတဲ့ခေါင်းနဲ့အတူ ကိုယ့်အိပ်ယာမဟုတ်ဘူးဆိုတဲ့အသိနဲ့ ထထိုင်ကာ နားထင်နှစ်ဖက်ကိုလက်ဖြင့်ထောက်လိုက်သည်။သူ့နားကိုလူတစ်ယောက်ရောက်လာတာကလွဲ ကျန်တာဘာမှမမှတ်မိတော့ပေ။ခုကရော ဘယ်ကိုရောက်နေတာလဲ။ခုလောက်ဆို အမေသူ့ကိုစိတ်ပူနေတော့မှာ။

Seok Jinကိုယ်ပေါ်မှာခြုံထားတဲ့ အဖြူရောင်စောင်အပါးကိုဆွဲလှန်ကာ ကုတင်အောက်ဆင်းလိုက်သည်။

"အား!!!....မသာ သေပြီ"

ခြေထောက်ချလိုက်တာနဲ့ကုတင်အောက်အိပ်နေသူကို တက်နင်းမိတာကြောင့် အလျင်အမြန်ဖယ်လိုက်ရသည်။

"မင်း....မင်းဒီမှာဘာလုပ်နေတာလဲ"

"အာ့!!....ငါ့ခါးကျိုးပြီလားမသိဘူး.....မသာရဲ့....အား!!...ငါ့ကိုလာကူဦးလေ"

Seok Jin ဝမ်းလျားမှောက်အိပ်နေတဲ့ Hoseok ကိုထူကာ အိပ်ယာပေါ်မှာထိုင်စေလိုက်သည်။

"ငါတို့ဒီကိုဘယ်လိုရောက်နေတာလဲ"

Seok Jin စကားကြောင့် Hoseok ကနာနေတဲ့ခါးကိုကိုင်ကာ နားမလည်သလိုလှည့်ကြည့်လာသည်။

"ဒီကိုဘယ်လို ​ရောက်နေတာလဲ ဟုတ်လား"

"အေးလေ"

အရက်လေးမူးပြီးမှောက်တာ တစ်ညဘဲရှိသေးတယ်။အတိတ်ပါမေ့သွားပြီလားမသိဘူး။ငါလုပ်လိုက်ရင်​သေဦးမယ်။သူ့ကိုဒီပြန်ပါလာဖို့အတွက် ဘယ်လောက်ခက်ခဲခဲ့တယ်မှတ်လဲ။ဒါ​တောင်လမ်းမှာ နှုတ်ခမ်းကိုခွေးကိုက်ခံလိုက်ရသေးတယ်။

"ကိုတော်ချော အရက်မူးပြီးအတိတ်မေ့သွားတာတော့မဟုတ်ဘူးမလား.....အခန်းထဲကိုလည်းသေချာကြည့်လိုက်ပါဦး"

ထိုအခါမှ Seok Jinကအခန်းကိုဝေ့ကြည့်ကာ ရယ်ကျဲကျဲလုပ်သည်။ဒါ သူရောက်ဖူးနေကျ Hoseok အခန်း။

"မင်းကလည်း စိတ်မဆိုးပါနဲ့ ငါခေါင်းမူးနေသေးလို့ ခုလောက်ဆို အမေငါ့ကိုစိတ်ပူနေလောက်ပြီ"

"ညကငါဖုန်းဆက်ပေးထားတယ် ငါနဲ့စာအတူလုပ်ရင်း အိပ်ပျော်သွားတယ်ဆိုပြီး"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now