အပိုင်း(၁၉)

140 11 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

Ep-19

အားလုံးပြီးစီးလို့ကြောငြာတော့ Park Jiminရဲ့ဒီဇိုင်းသာအနိုင်ရလေသည်။ဒီဇိုင်းဆိုတာထက် ဝတ်တဲ့သူနဲ့ဝတ်စုံကကွက်တိဖြစ်နေပြီး ဖက်ရှင်ကျနေတာကြောင့် ဒိုင်လူကြီးတွေရော ပရိတ်သတ်တွေကပါ Park Jiminဒီဇိုင်းကိုရွေးချယ်ခဲ့ခြင်းပင်။ထိုသို့ပြော၍ Park Jiminကိုတော့အထင်သေး၍မရပါ။Park Jiminဆိုသူကလည်း ဒီဇိုင်းပြိုင်ပွဲတိုင်းတွင်အမြဲတမ်းရွေးချယ်ခံရသူတစ်ယောက်ဖြစ်သည်။ဒီဇိုင်းတွေကိုကိုယ်တိုင်ဝတ်ပြီးဖော်ပြတာကြောင့်လည်းနမည်တမျိုးကြီးသေးသည်။

ပြပွဲအခမ်းအနားပြီးတော့ Tae Hyungကို CEOရာထူးခန့်အပ်ပေးပြီးနောက်ညစာစားပွဲကျင်းပကြလေသည်။

"Jin မင်းအရမ်းမိုက်တယ်"

"မင်းလည်းအရမ်းခန့်တယ် Tae Hyung....ပြီးတော့ငါမိုက်တယ်ဆိုတာက Jiminရဲ့ဒီဇိုင်းကြောင့်ပါ"

Seok Jinပြောမှ Jiminကိုသတိရကာ Tae Hyung ခန္ဓာကိုယ်ကိုတဘက်လှည့်ကာရှာကြည့်မိလိုက်သည်။မနက်ထဲကမျက်နှာကဖြူဖက်ဖြူရော်ဖြစ်နေတာကို အလုပ်ကိုလောဘကြီးပြီးလာဖြစ်အောင်လာတာကိုတော့အထင်ကြီးမိတာတော့အမှန်ပင်။

ဧည့်သည်အချို့နဲ့စကားပြောနေရင်း ဝိုင်ကိုမော့လိုက်စဉ် သူ့ကိုကြည့်နေတဲ့ Tae Hyung နဲ့အကြည့်ချင်းဆုံမိသွားရသည်။စူးရဲစွာစိုက်ကြည့်ပေးလိုက်တော့ ဘယ်ဘက်နှုတ်ခမ်းထောင့်စွန်းကိုကွေးညွတ်စွာပြုံးကာ တဖက်သို့လှည့်သွားသည်။Tae Hyungဟာအလွန်ကိုစွဲဆောင်မှုရှိပြီးတော့ ကြည့်ကောင်းလွန်းသည်။ဒါပေမယ့်သူTae Hyung ကိုမုန်းသည်။ထိုသို့မုန်းရခြင်းအ​ကြောင်းမှာလည်း.......

"ငါမင်းကိုသဘောကျတယ်"

"........"

မျက်မှန်ဝိုင်းဝိုင်းကြီးကိုတပ်ထားတဲ့ကျောင်းဝတ်စုံနဲ့ကောင်လေးဟာ လက်ထဲမှာချောကလက်လေးတစ်ခုကိုကိုင်ကာ အရှေ့က စတိုင်(လ်)ခပ်မိုက်မိုက်နဲ့ကောင်လေးကို ကမ်းပေးကာမရဲတရဲလေးပြောလိုက်ခြင်းဖြစ်သည်။

"Tae Hyung မင်းကိုအဲ့မှန်ကြောင်က ကြိုက်တယ်လို့ပြောနေတာဘဲ...ဟားဟားဟား"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now