အပိုင်း(၂၅)

122 7 0
                                    


ကမ္ဘာတည်သရွေ့ ချစ်နေမယ်

Ep-25

"အင်းး"

ခေါင်းတခုလုံးအုံခဲကာ ခန္ဓာကိုယ်တချို့ကလည်းနာကျင်နေသည်။မှေးမှိတ်ထားတဲ့မျက်လုံးတွေကိုအားယူဖွင့်ကြည့်ပေမယ့် တော်တော်နဲ့မရပေ။သူအိပ်နေတာဘယ်အချိန်ရှိသွားပြီလဲ။ညက Tae Hyungနဲ့သူဘာတွေဖြစ်ခဲ့သေးလဲဆိုတာလည်းသူမမှတ်မိပေ။

လူမှန်းသူမှန်းမသိအောင် အိပ်ပျော်သွားတဲ့ကိုယ့်ကိုကိုယ်သာ ထုရိုက်ပစ်ချင်သည်။စကားများရန်ဖြစ်ခဲ့ကြရုံလေးနဲ့သူ့ကို အတင်းနမ်းရှိုက်ခဲ့တဲ့ Tae Hyung ကိုလည်းဒေါသထွက်မိသည်။

နားထဲမှာစကားသံသဲ့သဲ့တွေကြောင့် သူငြိမ်သက်ကာနားထောင်မိလိုက်သည်။

"Kim Tae Hyung မင်းဘာလုပ်လိုက်တာလဲ"

"မကြာခင်ဘဲ လက်ထပ်ရတော့မှာလေ....ပြီးတော့ဒီလိုကိစ္စဖြစ်တာကလည်းအဆန်းမှမဟုတ်တာ"

"အန်တီသားလေးဘက်ကရော ကြည်ဖြူရဲ့လားကွယ်"

"မကြည်ဖြူလည်း သူပေးရမှာဘဲလေ"

"Kim Tae Hyung!!!! မင်းငါ့မျက်နှာမှမထောက်ကွာ"

ဒေါသထွက်ထွက်နဲ့ Mr.Kim ရှေ့တိုးလိုက်တော့ ပတ်ဂျီဝန်ကလက်မောင်းကိုကိုင်ကာတားလိုက်သည်။

"လာပါ ကိုရယ် သားထယ် ပြောတာလည်းမှန်နေတာဘဲလေ....."

"ဂျီ"

"လာပါ....သွားရအောင်နော်"

ပတ်ဂျီဝန်လည်းကုတင်ပေါ်တွင်အိပ်ပျော်နေတဲ့သားဖြစ်သူကိုတချက်ကြည့်ကာ ထွက်လာခဲ့လိုက်သည်။

အခန်းထဲကထွက်သွားတဲ့အဖေဖြစ်သူနဲ့ မိထွေးကိုကြည့်ကာ Tae Hyung ခြောက်ကပ်ကပ်ရယ်လိုက်သည်။ပြီးတော့ကုတင်ပေါ်မှာလှုပ်ရွနေတဲ့ Jiminကို စာအုပ်စင်မှီပြီးကြည့်နေလေသည်။

နားထဲအသံတွေပျောက်သွားတဲ့အချိန်မှ Jiminမျက်လုံးတွေပွင့်လာခဲ့သည်။ကိုက်ခဲနေတဲ့ခေါင်းကြောင့် မထသေးဘဲ ကုတင်ခေါင်းရင်းသို့ခေါင်းအုံးခံပြီး ခဏမှီလိုက်သည်။ပြီးတော့ Tae Hyung ကဘာတွေပြောနေခဲ့တာလဲ။အမေကရောဘာလို့အဲ့လိုပြောရတာလဲ။ဘာတွေဖြစ်ခဲ့တာလဲ။သူအိပ်ပျော်သွားတဲ့တခဏလေးအတွင်းမှာလေ။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now