အပိုင်း(၂၂)

138 9 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

Ep-22

"အိပ်ခန်းထဲကကိစ္စကထားပါတော့ ဒီဓာတ်ပုံတွေကိစ္စကရော မတော်တဆဘဲလား"

"ဒယ်ဒီ ကျွန်တော့်သိက္ခာကိုစော်ကားနေတာလား အဲ့နေ့က Park Jimin မူးလဲသွားလို့ကျွန်တော့်အခန်းထဲကိုခေါ်သွားခဲ့တာ အခုလိုလုပ်ကြံခံရမှန်းသိရင် ဘယ်သူကလုပ်မှာလဲ ပြီးတော့ ခုကိစ္စကလည်း Park Jimin တစ်ယောက်ထဲနစ်နာတာမဟုတ်ဘူးနော်"

"ဘာဘဲပြောပြော မင်းကသူ့ကိုပွေ့ချီလျက်သားပုံတွေချည်းဘဲလေ"

"ဒယ်ဒီ အဲ့ဒါ"

"ကဲ....တော်လိုက်တော့ ဓာတ်ပုံတော်တော်များများကလည်းပျံ့နေပြီ......လိုက်ပိတ်လို့လည်းမမှီတော့ဘူး.....ပြီးတော့ဒီကိစ္စကိုဒီတိုင်းကျော်သွားလို့လည်းမရဘူး ပြီးတော့"

"အဲ့အတွက် ဒယ်ဒီက ကျွန်တော့်ကိုဘာလုပ်စေချင်တာလဲ"

Mr.Kim ရဲ့စာကြည့်ခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်ကာ ပြသာနာတက်နေတာကိုဖြေရှင်းနေသော Mr.Kim တို့သားဖနှစ်ယောက်။

Tae Hyung စကားကြောင့် Mr.Kimဟာ Tae Hyungကို မသက်သာသလိုကြည့်လာခဲ့သည်။

" Jiminကိုတာဝန်ယူစေချင်တယ်"

"ဘယ်လို ဒယ်ဒီ"

"ဒယ်ဒီဆုံးဖြတ်ပြီးပြီ သား....."

"ဒါပေမယ့် ကျွန်တော်လက်မခံနိုင်ဘူး ဒယ်ဒီ"

Mr.Kim သားဖြစ်သူရဲ့ငြင်းဆိုစကားကြောင့် သက်ပြင်းကိုခိုးချလိုက်မိသည်။CEO ရာထူးခန့်ပြီးတဲ့နေ့မှာဘဲ Jiminနဲ့သားဖြစ်သူတို့ရဲ့ပုံတွေဟာပွတ်လောရိုက်ခဲ့တာခုချိန်ထိ။ပိုဆိုးတာက သားနေမကောင်းဘူးဆို၍ အိမ်ပြန်လာခဲ့တဲ့ဇနီးဟာ Tae Hyung နဲ့ Jiminကိုအိပ်ယာပေါ်မှာတွေ့ခဲ့တာကြောင့်အဖြစ်အပျက်တွေဟာ တကယ်ထင်မှတ်စရာတွေဖြစ်ခဲ့ရတာပင်။ဂျီတို့သားအမိကဘာမှပြောမလာသေးပေမယ့် ဒီကိစ္စဒီလိုလုပ်မှအဆင်ပြေလိမ့်မည်။ရှယ်ယာရှင်တွေကြားလည်း Tae Hyung သာဒီကိစ္စကိုတာဝန်မယူဘူးဆိုရင် ပြောစရာစကားတွေရှိလာလိမ့်မည်။ဒါကြောင့်လည်းသူဒီလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now