အပိုင်း(၁၄)

128 6 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

Ep-14

"အွန်း....ပြွတ်....."

"ဘာလုပ်တာလဲ"

ရုတ်တရက်အနမ်းခံလိုက်ရတာကြောင့် ထိုသူကိုတွန်းထုတ်လိုက်ပြီးအကြောင်းအရင်းကိုမေးလိုက်သည်။

"ငါ....."

ထိုသူဟာသူ့အားပြောဖို့ရာတော်တော်အားယူနေပုံရသည်။အောက်နှုတ်ခမ်းကိုပြတ်လုမတက်ကိုက်ထားတာကသက်သေပင်။

"ငါမင်းကိုချစ်တယ်"

"ဟမ်"

Jungkook အနှီးလူသားရဲ့ပါးစပ်ကသူ့ကို အရင်ဖွင့်ပြောလာတာကြောင့်မယုံနိုင်ခြင်းများစွာဖြင့်သူ့ ခြေလှမ်းတွေနောက်ဆုတ်မိသွားသည်။

"မင်းဖွင့်ပြောအလာကို ငါကစောင့်နေခဲ့တာ....ဒါပေမယ့်"

"ရပ်လိုက်"

Jungkook အနှီးလူသားရဲ့စကားကို လက်ကာတားလိုက်သည်။

"ငါမင်းကိုမချစ်ဘူး"

"ဟင်"

"အရင်ကမှားယွင်းခဲ့တဲ့ငါ့ရဲ့ရင်ခုန်သံတွေကြောင့်မင်းကိုချစ်မိသလိုဖြစ်သွားတာ....အမှန်တကယ်တော့ငါတကယ်ချစ်တဲ့သူကသပ်သပ်ရှိတယ်"

"ဘာလဲ....Kim Seok Jin လား"

"............."

"မင်းသူ့ကိုအရမ်းမုန်းနေတာမဟုတ်ဘူးလား"

".........."

"ဒါဆိုငါနောက်ကျသွားပြီပေါ့.....အဟက်....ခံပြင်းလိုက်တာ"

"ဒါနဲ့ဘယ်ချိန်ကတည်းက ငါ့ကိုချစ်နေခဲ့တာလဲ"

Jungkook အနှီးလူသားအားသိချင်တာကိုမေးလိုက်တော့ သူ့ကိုကျောခိုင်းကာ ဆေးလိပ်မီးညှိပြီး လှလှပပရှိုက်ဖွာနေခဲ့သည်။အဖြူရောင်မီးခိုးတွေကြားမှာ အနှီးလူသားဟာ တော်တော်လေးကိုကြည့်ကောင်းနေခဲ့သည်။

"စတွေ့တဲ့နေ့တည်းက"

"ဘယ်လို"

"အင်း.....ဟုတ်တယ် အဲ့ကတည်းကဘဲ"

"ဒါဆိုဘာဖြစ်လို့"

"မင်းအရင်ဖွင့်ပြောလာမလားလို့ပေါ့.....ပြီးတော့"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ