အပိုင်း(၁၃)

132 8 0
                                    


ကမ်ဘာတည်သရွေ့ချစ်နေမယ်

Ep-13

အေးကနဲဖြစ်သွားသောမျက်နှာနဲ့အတူ ဆံပင်တွေလည်းဆိုင်ကယ်မောင်းနှင်မှုအရှိုန်ကြောင့်ဖွာလန်ကြဲကုန်သည်။သူ့ကိုမတိုက်မိဘူးဆိုတဲ့အသိနဲ့ Tae Hyung မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့သူနဲ့မနီးမဝေးမှာဆိုင်ကယ်ကိုရပ်ကာသူ့ကိုစောင်းငဲ့ကြည့်လာပြီး.....

"အဟက်....သေမှာတော့ကြောက်သားဘဲနော်"

Helmet အောက်ကမျက်နှာသည်လှောင်ပြုံးတွေရှိနေလိမ့်မယ်ဆိုတာမမြင်ရဘဲခန့်မှန်းမိလိုက်သည်။

Tae Hyung ကြည့်နေတုန်းမှာဘဲ ဆိုင်ကယ်ပေါ်ကလူကအရှိုန်နဲ့မောင်းနှင်ကာသူ့ရှေ့ကထွက်သွားလေသည်။

"Fu*k ဘဲ"

အဝေးရောက်သွားမှဆဲဖို့မေ့နေတာကြောင့် Tae Hyung ဆဲပစ်လိုက်သည်။ပြီးမှခြံထဲသို့ဝင််လိုက်သည်။

"Tae Hyung"

အိ်မ်ထဲဝင်ဝင်ခြင်း ဒယ်ဒီ မှခေါ်လိုက်တာကြေ င့်လှည့်ကြည့်မိတော့ဆိုဖာပေါ်တွင်မိထွေးဖြစ်သူနဲ့အတူထိုင်နေတဲ့ဒယ်ဒီကိုပါ​တွေ့လိုက်သည်။တစ်ချက်သာကြည့်ပြီးလှည့်ထွက်ခဲ့​တော့ ဒယ်ဒီ ရဲ့အသံကထွက်လာသည်။

"ငါပြောမယ့်စကားကိုခဏတော့ဖြစ်ဖြစ်နားထောင်ပေးပါ....မင်းကဒီအိမ်မှာငါ့ရဲ့တစ်ဦးတည်းသောသားပါ....အဲ့ဒါကိုမင်းကငါ့ကိုအဖေအဖြစ်မသတ်မှတ်ရင်တောင်ငါကမင်းကိုသားအဖြစ်သတ်မှတ်တာမို့ငါပြောတာကိုတစ်ခါလောက်နားထောင်ပေးလို့မရဘူးလား"

ဝမ်းနည်းသံပါနေတဲ့ Mr.Kim ရဲ့စကားသံတွေကြောင့် Tae Hyung ရှေ့ဆက်မလျှောက်တော့ဘဲရပ်တန့်မိသွားသည်။တစ်ဆက်တည်း Mr.Kim ရဲ့စကားတွေကြောင့်သူဝမ်းနည်းသလိုခံစားလိုက်ရသည်။

"နောင်သုံးလေးရက်ကျ မင်းအန်တီရဲ့သားအိမ်မှာလာနေလိမ့်မယ် အဲ့ဒါမင်းကိုအသိပေးတာ"

"အသိပေးတာဆိုတော့ ကျွန်တော်ကလက်မခံဘူးဆို ဒယ်ဒီကသူ့ကိုနှင်ထုတ်မှာမို့လို့လား"

"Tae Hyung....."

Tae Hyungနောက်လှည့်မကြည့်ဘဲပြောနေတာကြောင့်ဟိုမိန်းမပုံစံဘယ်လိုဖြစ်နေမလဲဆိုတာသူမသိ။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now