အပိုင်း(၅)

113 9 0
                                    


ကမ်ဘာတည်သရွေ့ချစ်နေမယ်

အပိုင်း(၅)

Tae Hyung ဆွဲခေါ်ရာနောက်ပါလာပြီး ကားထဲကိုအတင်းဝင်ထိုင်ခိုင်းတာကြောင့် Seok Jinလည်းဝင်ထိုင်လိုက်သည်။ကားကအရှိုန်ပြင်းပြင်းနဲ့ဘယ်ကိုမောင်းနေမှန်းလည်းမသိ။လိုက်သာလိုက်လာရတာ ကားကိုအကြမ်းပတမ်းမောင်းနေတော့ နည်းနည်းတော့ လန့်နေမိသည်။Seok Jin Tae Hyung ကိုကြည့်လိုက်ပြီး.....

"Tae Hyung ဘယ်ကိုမောင်းနေတာလဲဟင်......ငါ အိမ်ပြန်နောက်ကျမှာစိုးလို့ ဒီနားမှာဘဲငါ့ကိုချပေးခဲ့ပါလား"

Tae Hyungကဘာစကားမှပြန်မပြောဘဲ အရှေ့ကိုသာအာရုံစိုက်ကာ ကားကိုမာင်းနေသည်။လူရှင်းသည့် လမ်းဘေးတနေရာမှာ ကားကိုထိုးရပ်လိုက်ပြီး ကားကိုအကြမ်းပတမ်းမောင်းလို့ကြောက်နေဟန်ရှိတဲ့ Seok Jinကို တချက်ကြည့်ကာ ပြုံးလိုက်သည်။ပြီးတော့လွယ်အိတ်ထဲအသင့်ပါလာတဲ့ ပီကေဘူးထဲက ပီကေသုံးလေးခုထုတ်ကာ ပါးစပ်ထဲပစ်သွင်းလိုက်သည်။

"ကြောက်နေတာလား"

"ငါ....အိမ်ပြန်နောက်ကျမှာစိုးလို့ ဒီမှာဘဲဆင်းနေခဲ့တော့မယ်"

"ဘယ်မှာနေတာလဲ"

"ဟမ်"

"လိုက်ပို့ပေးမယ်.....ဘယ်မှာနေတာလဲလို့မေးတာ"

"ဪ.....အင်း"

Seok Jinသူနေတဲ့နေရာကိုပြောပြလိုက်တော့မှ ကားကိုဖြေးညှင်းစွာပြန်မောင်းထွက်သည်။ဘေးတစောင်းမြင်နေရတဲ့ Tae Hyungရဲ့မျက်နှာကိုကြည့်လိုက်မိသည်။ဖြောင့်စင်းနေတဲ့နှာတံလေးပေါ်မှာ မှဲ့လေးတစ်လုံ...၊အသဲပုံနှုတ်ခမ်းတွေကပီကေဝါးနေတာကြောင့် ပို၍ဆွဲဆောင်မှုရှိနေသည်။အသားအရေကသူ့ကမွဲခြောက်မနေဘဲ စိုစိုပြေပြေလေး။....အင်းပေါ့လေ သူကအရာရာပြည့်စုံနေတဲ့သူေဋ္ဌးသားလေးဘဲဟာ....။

Seok Jin ကြည့်နေရင်း Tae Hyungပါးပေါ်မှာအညိုမဲစွဲနေသည်ကိုတွေ့လိုက်သည်။ဒါ Jungkookထိုးလိုက်တုန်းကရလိုက်တဲ့ဒဏ်ရာဖြစ်မည်။.....အဲ့တုန်းကထိုးခံရတဲ့သူကိုမေ့ကာ ထိုးတဲ့သူကိုဘဲစိတ်ပူနေခဲ့မိတာ။.....Jungkook လက်တောင် ဒီလောက်နာသွားတာ.....Tae Hyungဆိုပိုနာမှာပေါ့။.....ပြသာနာကကိုယ့်ကြောင့်ဖြစ်တာမလား။.....

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now