အပိုင်း(၂၆)

116 7 0
                                    


ကမ်ဘာတည်သရွေ့ ချစ်နေမယ်

Ep-26

"ခုလိုကျွန်တော့်ကို လာကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာဂျွန်"

"အခုလိုလက်ခံပေးတဲ့အတွက် ကျွန်တော်လည်းဝမ်းသာပါတယ် Jimin Shii"

တစ်ယောက်ကိုတစ်ယောက်လက်ဆွဲနှုတ်ဆက်နေတဲ့ ဒါရိုက်တာဂျွန်နဲ့ ဒီဇိုင်နာ Jiminတို့ကိုအစည်းအဝေးခန်းမထဲမှလူတစ်ချို့ကလည်းလက်ခုပ်တီးဂုဏ်ပြုပေးကြသည်။

"ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါဦး"

"ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"ကောင်းပါပြီ"

Jungkookလည်း Jiminရဲ့အပြောကို ခေါင်းငြိမ့်လက်ခံကာအရှေ့ကထွက်လာခဲ့လိုက်သည်။ဓာတ်လှေကားတူတူစီးရင်း အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

"တစ်ခုခုစားသွားဦးမလား ဒါရိုက်တာဂျွန်"

"နေပါစေတော့ဗျာ.....ကျွန်တော်လည်းအလုပ်ရှိသေးတာကြောင့်သွားတော့မယ်"

"နေပါဦး Jeon Jungkookရဲ့"

အသံခပ်သြသြနဲ့ဝင်ပြောလာတဲ့သူသည် Kim Group ရဲ့ CEO Kim Tae Hyungဖြစ်သည်။အသားရောင်ရှပ်လက်ရှည်ကို အပေါ်သို့အနည်းငယ်လိပ်တင်ထားပြီး အညိုရောင်ဘောင်းဘီရှည်နဲတွဲဝတ်ထားပုံကြောင့် Kim Groupရဲ့ CEOလို့မထင်ရဘဲ Idol လိုလိုရုပ်ရှင်မင်းသားလိုလိုစတိုလ်မျိုးနဲ့မို့ ဝန်ထမ်းအချို့ရဲ့အကြည့်တွေသည်တော်တော်နဲ့မလွှဲကြပေ။

"စကားခဏပြောရအောင်"

Tae Hyung က Jungkookကိုကြည့်ကာ ပြောလိုက်တော့ Jiminမှာကြောင်အမ်းအမ်းလေးဖြစ်သွားသည်။Jiminရဲ့ထိုပုံစံကိုမြင်သွားတဲ့ Tae Hyungသည် Park Jiminကိုဘယ်လိုရန်စရမလဲဆိုတာခေါင်းထဲပေါ်လာသည်။

"တချိန်တုန်းက Jeon ကငါ့အချစ်ဦး"

Tae Hyung က Jiminရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်ရင်းပြောသည်။Jiminကလည်း 'အဲ့တော့ ဘာဖြစ်လဲ' ဆိုတဲ့သဘောဖြင့် မေးဆတ်ပြသည်။

Jungkookကကတာ့ Jiminရဲ့ဘေးမှာရပ်ကာ Tae Hyungကိုခေါင်းခါပြသည်။ဆက်မပြောရန်ဖြစ်သည်။

"ကိုယ်တို့နှစ်ယောက်အတွက်စားဖို့တစ်ခုခုစီစဉ်ခဲ့.....လာသွားရအောင်Jeon"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now