အပိုင်း(၂၇)

117 9 0
                                    

ကမ္ဘာတည်သရွေချစ်နေမယ်

Ep_27

ကြီးကျယ်ခမ်းနားတဲ့ Kim Group ရဲ့ CEO Kim Tae Hyung နဲ့နာမည်ကြီးဒီ်ဇိုင်နာ Park Jiminတို့ရဲ့မင်္ဂလာဧည့်ခံပွဲကြီးဖြစ်သည်။

"ကျွန်တော် Seok Jinကိုအားကျလိုက်တာ"

Jiminက သူ့ကိုသတို့သားအရံအကျႌကိုသေချာဝတ်ဆင်ပေးရင်းပြောလာသဖြင့် သူမော့ကြည့်မိလိုက်သည်။မျက်နှာကလည်း သိပ်မကောင်းပေ။ဒီအချိန်က Jiminအတွက်ပျော်နေရမယ့်အချိန်လေ။

"Jimin Shi ကျွန်တော့်အတွက်ပြင်ပေးထားတဲ့ ဝတ်စုံက လုံးဝကိုအပိုအလိုမရှိ အဆင်ပြေနေရောဘဲ"

"အဟင်း"

အဖြူရောင်သတို့သားအကျႌနဲ့ဘောင်းဘီကိုဆင်မြန်းထားတဲ့ Jiminသည် အပြုံးလေးသာရှိမယ်ဆိုရင် တကယ့်ကိုရင်အေးစေတဲ့ရုပ်ရည်မျိုးပင်။

"Jimin shi ပြုံးပါ"

Seok Jinက Jiminရှေ့မှာရပ်လိုက်ပြီး Jiminကိုပါးဖောင်းဖောင်းတို့ကိုဖစ်ညှစ်ကာ ပြုံးခိုင်းနေသည်။Seok Jinရဲ့အပြုအမူကို Jiminတစ်ယောက်မရယ်ဘဲ မနေနိုင်တော့ပေ။

"Seok Jin shi ကျွန်တော့်မိတ်ကပ်တွေပျက်ကုန်ပြီထင်တယ်"

"အာ..Sorry....ဘာဘဲဖြစ်ဖြစ် Jimin shi ပြုံးလို့ဝမ်းသာတယ်.....ပြီးတော့.....Tae Hyung ကလူကောင်းတစ်ယောက်ပါ Jimin shi ပျော်ရွှင်ရမှာပါ"

ပျော်ရွှင်ရမယ်တဲ့လား။ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်နဲ့ လက်ထပ်ရမှာကိုပျော်ရွှင်ရမယ်တဲ့လား။ငယ်ငယ်ထဲကခိုးချစ်လာခဲ့ရတဲ့ အချစ်တွေကခုချိန်ထိ Tae Hyung အပေါ်ရှိနေသေးသည်။ဘယ်လောက်ဘဲမုန်းတယ်ပြောပြော Tae Hyung မျက်နှာမြင်တာနဲ့ အမုန်းတွေကပြယ်ပျက်သွားရသည်။

မရွှင်မမြဖြစ်နေတဲ့ Jiminကိုကြည့်ကာ Seok Jin သက်ပြင်းခိုးချနေစဉ်ဖုန်းဝင်လာခဲ့သည်။ကြည့်လိုက်တော့ Hoseokပင်။

"Jimin shi.....ကျွန်တော်လည်းပြီးပြီဆိုတော့သွားတော့မယ်"

"သြော်.....အင်း....ဟုက်ကဲ့သွားပါ"

Soek Jin မကိုင်သေးဘဲဒီတိုင်းထားထားတဲ့ Hoseok ရဲ့ဖုန်းအဝင်ကောကို တံခါးဖွင့်အပြင်ထွက်ရင်းကိုင်လိုက်သည်။အခန်းထဲကျန်ခဲ့သူက Jimin။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ