အပိုင်း(၁၇)

130 8 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

Ep-17

Jungkookရောက်ကတည်းကအိမ်ကိုအပြန်ပြပြီးတာနဲ့ ဘားသို့သာထွက်လာခဲ့လိုက်သည်။တစ်​ယောက်ထဲသောက်ချင်တာကြောင့် VIPအခန်းယူကာစိတ်ကြိုက်သောက်နေမိခဲ့သည်။အိမ်မက်ကိုစွန့်လွှတ်လိုက်ရတဲ့အတွက်ရော အမေ့ရဲ့အချစ်တွေကိုမရတာကြောင့် ငိုလည်းငိုသောက်လည်းသောက်နေမိခဲ့သည်။

ဘယ်လောက်တောင်သောက်မိလိုက်လည်းတောင်သူမသိတော့ပေ။စားပွဲပေါ်မှာပုလင်းတွေတန်းစီနေပြီးလူကလည်းခေါင်းငိုက်စိုက်ကျလာလေခဲ့ပြီ။လူမှန်းမသိအောင်သောက်ပြီးစိတ်ညစ်မှုတွေကိုဖြေဖျောက်ပစ်မည်။သူ့ဘဝဟာလိုတရဆိုပေမယ့် သူလိုချင်တာတွေမရခဲ့တာကိုတော့သူသာသိသည်။​တွေးလေမျက်ရည်တွေကျလေ မျက်ရည်တွေကျလေအရက်ခွက်ထဲကအရက်ကိုမော့သောက်လေဖြစ်သည်။မူးပြီးမှောက်သွားလည်းအကန့်မရှိပေ။အငှါးယာဉ်မောင်းသမားကိုဆိုင်ကဝန်ထမ်းလေးအားခေါ်ခိုင်းထားပြီးသား။ဒီအ​ခြေအနေနဲ့ကားမောင်းပြန်လို့မဖြစ်သလိုဒီမှာလဲမိုးလင်းတဲ့ထိနေလို့မရပေ။တော်ကြာသတင်းတွေထွက်လာမှ မဖြစ်သေးတဲ့အမွေဆက်ခံသူကြီးသိက္ခာတွေကျသွားမှဖြင့်။

မျက်လုံးတွေလည်းမပွင့်တော့ဘူး။ခေါင်းတွေလည်းချာချာလည်နေပြီ။မျက်လုံးထဲလည်းဝိုးတဝါးသာမြင်ရတော့သည်။

ဂျလောက်......

တံခါးဖွင့်သံကြောင့်သူလှည့်ကြည့်မိသည်။သေချာတော့မမြင်ရပေ။လူနှစ်ယောက်ဝင်လာသည်။သူ့ကိုမြင်တော့တစ်ယောက်ကနောက်ဆုတ်သွားကာတခြားတစ်ယောက်ကိုဘာတွေပြောနေတယ်မသိ။သေချာတာကတော့ငြင်းဆန်နေတာဖြစ်နိုင်သည်။သူတစ်ချက်ရယ်လိုက်ပြီးနောက်အမှောင်ကမ္ဘာထဲသို့ရောက်ရှိသွားလေတော့သည်။

________________________________

"အား....ကျွတ်ကျွတ်.....ကျွတ်"

မှောက်ခုံအနေအထားဖြင့်အိပ်နေရာမှလွန်းလွန့်ကာနိုးလာခဲ့သည်။နိုးနိုးချင်းကိုက်ခဲနေတဲ့ခေါင်းကိုဖိကိုင်ကာငြီးငြူမိသည်။မျက်လုံးတွေကိုမဖွင့်သေးဘဲအိပ်နေရာမှထထိုင်လိုက်ပြီး လက်မနဲ့လက်ခလယ်သုံးကာနားထင်နှစ်ဖက်ကိုပွတ်ချေနေမိသည်။ကျိန်းစက်နေတဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းအားယူဖွင့်လိုက်သည်။သူအိမ်ကိုပြန်ရောက်နေတာဘဲ....ပြတင်းပေါက်တွေဖွင့်ထားတာကြောင့်စိုက်ပျိုးထားတဲ့နှင်းဆီပန်းရန့ံတွေနှာခေါင်းထဲအတင်းတိုးဝှေ့လာခဲ့သည်။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now