အပိုင်း(၂၀)

151 8 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

Ep-20

"ဘာလဲ မင်းတောင်းသလောက် မပေးနိုင်မှာစိုးလို့လား အဲ့အတွက်ဆိုရင်တော့စိတ်ချ ဘာလို့လဲဆို ဒီကကောင်ကမင်းကိုတောင်ဝယ်လိုက်လို့ရတာမို့ အဟက်"

"Jeon Jungkook တို့ချမ်းသာချက်ကိုသိပါတယ် ငါပြောချင်တာက မင်းငါ့အောက်မှာနေရင်ရော ငါမင်းကိုဘယ်လောက်ပေးရမလဲလို့ပါ"

Seok Jinရဲ့စကားကြောင့် Jungkook မျက်နှာဟာသိသိသာသာပျက်ယွင်းသွားလေသည်။

Jungkookရဲ့ပျက်ယွင်းသွားတဲ့မျက်နှာဟာချက်ချင်းဆိုသလိုပြောင်းလဲသွားကာ Seok Jin ကိုချုပ်ကိုင်ထားတဲ့လက်တွေကိုလွှတ်ပေးကာ သူ့ရဲ့အပေါ်ထပ်ကုတ်ကိုချွတ်ပစ်လိုက်သလို ရှပ်အဖြူပေါ်က ကြယ်သီးတွေကိုလည်းဖြုတ်လာသဖြင့် Seok Jinမျက်လုံးတွေဝိုင်းစက်သွားရပြန်သည်။

"Jeon Jungkook မင်းဘာလုပ်မလို့လဲ ငါ့ပေါ်ကဖယ်စမ်း.....အာ့!"

Jungkook ကြယ်သီးတွေအကုန်မဖြုတ်ရသေးခင်မှာဘဲ လွှတ်ပေးထားတဲ့လက်တွေနဲ့ထုရိုက်လာတာကြောင့်ထိုလက်တွေကိုတဖန်ပြန်ပြီးချုပ်ကိုင်ထားလိုက်သည်။

"ငါမင်းအောက်မှာနေပေးမယ်.....အဲ့အတွက်ပိုက်ဆံမလိုဘူး မင်းရဲ့ခပ်ကျယ်ကျယ်ညည်းသံဘဲလိုချင်တယ်"

Jungkookရဲ့စကားကြောင့် Seok Jin နောင်တရမိသွားသည်။သူသာထိုသို့မပြောခဲ့ရင်လေ။

"မင်း....မင်းဘာလို့ငါ့ကိုခုလိုတွေလုပ်နေတာလဲ...ခုနဘဲမင်း Tae Hyung နဲ့"

ဟုတ်သည်လေ။ပွဲထဲမှာတုန်းက Jungkook Tae Hyung ရင်ခွင်ထဲရောက်နေတာသူတွေ့လိုက်တာဘဲလေ။Jungkookက Tae Hyungကိုချစ်နေခဲ့တာ။Tae Hyung အနားမှာသူရှိခဲ့လို့တောင် သူ့ကိုအမျိုးမျိုးခြိမ်းခြောက်ပြီး ဝေးဝေးမှာနေခိုင်းခဲ့တာ။Jungkookသူ့ကိုခုလိုလုပ်နေတာကလည်း Tae Hyung နဲ့ရယ်ရယ်မောမောစကားတွေပြောနေလို့ အရင်တုန်းကလိုသူ့ကိုဖျက်စီးမလို့လုပ်နေတာ။မချစ်ဘဲနဲ့တော့သူ့ဘဝကိုအဖျက်စီးခံမှာမဟုတ်ပေ။

"Tae Hyung နဲ့ဘာဖြစ်လဲ"

"မင်း Tae Hyungကိုချစ်နေတာမလား.....ဘာလို့ငါ့ကိုခုလိုလာလုပ်နေတာလဲ.....Tae Hyungဆီသွားလေ"

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Där berättelser lever. Upptäck nu