အပိုင်း(၂)

140 9 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

အပိုင်း(၂)

         
ခွမ်း🔥🔥🔥

"သူ့လိုကောင်ကများငါ့ကို"

ခွမ်း🔥🔥🔥

"ချစ်တယ်တဲ့"

ခွမ်း🔥🔥🔥

"မတန်မရာကိုမှန်းနေသေးတယ်"

ခွမ်း🔥🔥🔥

"ဟက် ရတယ်လေ မင်းလိုဆင်းရဲသားကောင် သူများခိုင်းဘက်ကငါ့လိုသူေဋ္ဌးသား Jeon Jungkook ကိုချစ်တယ်ဆိုတော့လည်း မင်းဘယ်ချိန်ထိဆက်ချစ်နိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

Jungkook ကျောင်းကပြန်လာကတည်းကအခန်းထဲဝင်ကာ တံခါးကိုလော့ချပလိုက်သည်။ လွယ်အိတ်ကိုဖြစ်သလိုပစ်လိုက်ပြီး အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုပစ်ခွဲနေခြင်းဖြစ်သည်။ လိုချင်လွန်းလို့စိတ်ကြိုက်ဈေးပေးပြီး ဝယ်ထားတဲ့ပစ္စည်းတွေ ခုတော့ ဒေါသကြောင့်တစစီကြေမွပျက်စီးနေတော့သည်။ ကျောင်းမှာရှိတဲ့မိန်းကလေးတွေရော သူ့(Seok Jin) ထက်အဆတစ်ရာသာတဲ့​ယောကျၤားတွေလည်း Jeon Jungkook ဆိုတဲ့သူကိုကြိုက်နေကြတာမှပေါလို့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုကြောင့် နောက်တွန့်နေခြင်းဖြစ်သည်။ Jungkook ကျာင်းအကျႌလဲကာ အောက်ထပ်သို့ပြေးဆင်းလာခဲ့သည်။ အိမ်ကအလုပ်သမားတွေအားလုံးကြောက်နေသည်ထင် ခေါင်းတွေငုံ့နေတာကြမ်းပြင်နဲ့ထိလုမတတ်.......သူစိတ်ဆိုးတိုင်းအိမ်ကအလုပ်သမားတွေအားလုံးသူ့ကိုဒူးတုန်အောင်ကြောက်ကြသည်မလား......

"အဟမ်း... လေးလေးပြန်မရောက်သေးဘူးလား"

ထိုအခါမှတစ်ယောက်ကခေါင်းမော့လာပြီး......

"မ....မရောက်သေးပါဘူးသခင်လေး"

"ခင်ဗျားတို့က ဘာဖြစ်နေကြတာလဲ ကျုပ်ရုပ်ကအဲ့လောက်ကြောက်ဖို့ကောင်းနေလို့လား"

ဂျောင်ကုစိတ်တိုတိုနဲ့အော်ပစ်လိုက်ပြီး အိမ်ထဲမှထွက်ကာ ပြိုင်ကားအပြာရောင်လေးကိုမောင်းနှင်ကာ သွားနေကြဆိုင်သို့မောင်းထွက်လာခဲ့လိုက်သည်။ ကားမောင်းနေစဉ် ပလက်ဖောင်းပေါ်တွင်ရန်ဖြစ်နေသောလူတစ်စု Jungkook စိတ်မဝင်စားပေမယ့်လေးယောက်ထဲတွင်ထင်းနေသောသူကြောင့်ကားကိုလမ်းဘေးချရပ်လိုက်သည်။ ကြည့်ရသလောက်တော့ သုံးယောက်တစ်ယောက်ဖြစ်မယ်ထင်တယ်......Jungkookအကြည့်တွေသည် အရပ်ရှည်ရှည် ဆံပင်အနက်ရောင် အကောက်လေးတွေက မျက်လုံးပေါ်ဝဲကျနေတဲ့တစ်ယောက်စီမှာ နှုတ်ခမ်းထောင့်ကသွေးတွေကို လက်ခုံနဲ့သုတ်နေတာတောင်ကြည့်ကောင်းနေဆဲ.......Jungkook ကြည့်နေရင်းသူ့ကားဆီပြေးလာနေသော လူကြောင့် ဘာကြောင့်မှန်းမသိကူညီချင်လာသလို.......Jungkook ကားအပြင်သို့ခေါင်းထွက်ကာ......

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now