တတ်နိုင်သမျှ ယုံကြည်မှုတစ်ချို့ကိုလဲ ထားခဲ့တယ်။ အဲ့ယုံကြည်မှုဆိုတဲ့ အရာက သိပ်ကို ကြောက်စရာကောင်းအောင် လေးနက်လွန်းတယ်။ ထိုသို့သောယုံကြည်မှုကို ဟာအို့ထံ ဟန်ဘင်းပေးထားခဲ့တယ်။ ဟာအိုကလဲ သစ္စာရှိရှိ စောင့်ထိန်းလိမ့်မယ်လို့လဲ
သူထင်ခဲ့မိတယ်။

သို့သော် သူထားရှိခဲ့တဲ့ သစ္စာတရားတွေ၊ ယုံကြည်မှုတွေကို တစ်စစီ စုတ်ပြတ်သတ်အောင် ရိုက်ချိုးခဲ့တယ်။ ဖောက်ဖျက်ခဲ့တဲ့
သစ္စာတရားမှာ ဟန်ဘင်းရဲ့ လေးနက်တဲ့
ချစ်ခြင်းတရားတွေပါ ပါဝင်နေခဲ့တယ်။ အစွမ်းကုန် ချစ်ပြခဲ့ပေမယ့် ပြန်ရလိုက်တာက နောက်ကွယ်မှာထဲက သူတို့ရဲ့ ဖြစ်ပျက်ခဲ့မှုတွေ။

သိသိခြင်း တုန်လှုပ်ခြောက်ချားခဲ့ရတဲ့ ဟန်ဘင်းဟာ စိတ္တဇဆေးရုံက ဝေဒနာသည်တွေ
ထက်တောင် ပိုလို့ကျွမ်းနေခဲ့တယ်။ အရူးမီးဝိုင်းဖြစ်သလို ဗလာကျင်းသွားခဲ့တဲ့ ဦးနှောက်တွေကို အလုပ်လုပ်ဖို့ အချိန်အတော်ကြာ ကုစားခဲ့ရတယ်။ မျက်လုံးအိမ်တွေ ကျွတ်ထွက်သွားမတတ် ငိုကြွေးခဲ့ရတာတွေ
ဘယ်သူကများ မြင်နိုင်ခဲ့လို့လဲ။

ဘာကြောင့်ဆိုပြီး မရှိဘူး။ ဆယ်ဆမကနာကျင်ခဲ့ရတဲ့ ဟန်ဘင်းအတွက် တစ်ဆလောက်​တော့ သူ့ချစ်သူအား ဒဏ်ခတ်စေချင်တယ်။ သိပ်ချစ်လွန်းလို့ ဆိုတာကိုတော့
ဟန်ဘင်းရဲ့ ရင်ဘတ်ထဲမှာသာ မမြင်နိုင်အောင် ဖွက်လို့သိမ်းထားမယ်။ ပိုနာကျင်ရတဲ့
သူဟာ ကိုယ်ဖြစ်ဖို့ကိုသာ ရွေးချယ်ခဲ့တယ်။
သူ့လောင်းရိပ်အောက်မှာ ထားခြင်းက သူ့အတွက် ရင်အေးရစေမှာ။

တစ်ပါးသူနဲ့ရတဲ့ကလေးကို မေတ္တာကြီးပြီး
ချစ်ပြရလောက်အောင် ဟန်ဘင်းဟာ သူတော်ကောင်း တစ်ယောက် ဟုတ်မနေဘူး။ သူ့အကန့် ကိုယ့်အကန့်ခွဲမယ်။ သူ့အချစ်ကိုဟာအိုမသိအောင် တိတ်တိတ်ကလေးသာပေးမယ်။ ဒါဟာ သူ့သားအတွက် ငိုကြွေးနေတဲ့ မျက်နှာလေးကို မြင်လိုက်ရချိန်မှာ နောက်ဆုံးချမိတဲ့ ဆုံးဖြတ်ချက် တစ်ခုပါပဲ။

" ငါတောင် နာကျင်ခဲ့ရသေးတာကပဲ မင်းရော ငါ့ဆီမှာ တစ်ကြိမ်တစ်ခါလောက် နာကျင်မှုကို မခံစားချင်ဘူးလား ''

~ TRUST ME ~Where stories live. Discover now