အပိုင်း(၁၀)

Start from the beginning
                                    

ရုတ်တရက်ကျဆင်းလာတဲ့မျက်ရည်တွေဟာပူနေခဲ့သည်။နာကျင်ရသည်။မချစ်ဘူးတဲ့ပြောတာထက် ကိုယ့်ကိုမုန်းနေတယ်ဆိုတဲ့စကားဟာရင်နင့်အောင်နာရပါသည်။ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်များကိုယ်ချစ်တဲ့သူကကိုယ့်ကိုပြန်မချစ်ရတာလဲ.......

တွေးတောနေရင်းကိုက်ခဲလာတဲ့ခေါင်းကြောင့်တွေးလက်စကိုရပ်ကာမျက်လုံးတွေမှိတ်ချလိုက်သည်။မနက်ဖြန်အတွက်အားမွေးရဦးမယ်.....သူ့ကြောင့်မဟုတ်ရင်တောင် မေမေရှိသေးတယ်....မေမေ့အတွက်သားလိမ္မာတစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်.....Jungkook ကိုလည်းမေ့လိုက်တော့မယ်.....မေ့လို့မရပေမယ့်လည်းမေ့နိုင်အောင်ကြိုးစားမယ်....ချစ်ရတာပင်ပန်း​နေပြီ....ဒီထက်ပိုပြီးရှေ့ဆက်တိုးမိနေရင် ဒီထက်ပိုပြီးခံစားရမှာကသူကိုယ်တိုင်ဘဲ​လေ။

Seok Jin ခဏအကြာတွင်မျက်ရည်စက်တွေနဲ့အတူအိပ်ပျော်သွားတော့သည်။ဒါတောင် Jungkook ကသူ့အိမ်မက်ထဲဝင်လာပြီးသူနှလုံးသားကိုနာကျင်အောင်လုပ်နေတုန်း။အိပ်မက်ဆိုးတွေမမက်ဘဲ ပျော်ရွှင်ကြည်နူးတဲ့အိပ်မက်လေးကိုတော့တစ်ခါတစ်လေမက်ချင်ပါသေးတယ်...........

~~~~~~~~~~~~~~~~~~~~~~~

"Jungkook မင်းဘာဖြစ်နေတာလဲ "

"ဘာဖြစ်လို့လဲ"

"ကလပ်လာပြီး မျက်နှာကမသာမရာနဲ့"

Yoongi မီးရောင်တွေတဖျက်ဖျက်ကြားက အရက်ကိုစိတ်မပါဘဲသောက်နေပုံရတဲ့ Jungkook ကိုကြည့်ကာခေါင်းခါမိသည်။ပြီးတော့တစ်ခုခုကိုတွေးတောနေတဲ့ပုံစံမျိုးနဲ့ မျက်လုံးတွေကအဝေးတစ်နေရာမှာ.......ထိုစဉ်ထထွက်သွားတာကြောင့် Yoongiလည်း Jungkook ဘာလုပ်မလဲလို့လိုက်ကြည့်နေမိသည်။

"ဟား....တကယ့့်ကောင်ဘဲ"

Yoongi Jungkookကိုကြည့်ကာတစ်ချက်ပြုံးလိုက်ပြီးခေါင်းကိုလည်းခါရမ်းလိုက်သည်။ ဘာလို့ဆို Jungkookက မိန်းမလှလေးတွေကြားဝင်ကာဘေးကကောင်မလေးတစ်ယောက်ရဲ့ခါးကိုဖက်ကာ ကနေသောကြောင့်ဖြစ်သည်။

"Hi....အဖော်လိုနေလားဟင်"

သူ့ရှေ့ခုံမှာဝင်ထိုင်ပြီးညူတူတူပြောလာတဲ့မိန်းမလှလေးသည်သူ့ရင်ဘက်ကိုလည်းလက်ညိုးနဲ့တို့ထိလာပြန်သည်။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now