trust me ~ 4.

Começar do início
                                    

" ပေါက်ကရတွေကွာ..''

" ဟုတ်ပါတယ်ဆို...တော်ဝင်နန်းဆောင်တွေရှိတဲ့ ရွှေကြီးမျိုးကြီးကွ..''

မင်ယောလ်ရဲ့စကားကို အဓိပ္ပာယ်မရှိလိုက်တာဆိုတဲ့ သဘောနဲ့ ဟန်ဘင်းက လှောင်ရယ်လေသည်။

" ဆောင်းဟန်ဘင်း ငါ အတည်ပြောနေတာ ''

" မင်းပြောသလိုသာဆို ရုပ်ရှင်တွေထဲကလို
မှူးမတ်တွေ အခြံအရံတွေနဲ့ ကျောင်းလာတက်မှာများလား ဟား...''

" ဟုတ်ချင်လဲဟုတ်မှာပေါ့ ''

" အရူး...''

" မင်းသာအရူး...''

" ကျောင်းပြောင်းလာရင် ပြောင်းလာတယ်မှတ် အာရုံထဲသိပ်ထားမနေဘူးငါတော့ ဒီကျောင်းမှာတက်နေတဲ့ မင်းတို့ငါတို့အပါအဝင်အကုန်လုံးက ခေတဲ့သူတွေမဟုတ်ဘူး အရမ်းအားနေရင်စာကျက် လေပေါမနေနဲ့ ''

အီမင်ယောလ်ကို အသိတရားဝင်အောင်ပိတ်ဟောက်ပြီးမှ ဟန်ဘင်းစားပွဲပေါ်ခေါင်းတင်ကာ ပြန်အိပ်နေလိုက်သည်။ ဘေးကမင်ယော်လ်ရဲ့ ကျိန်ဆဲသံတွေနဲ့ တစ်တန်းလုံးရဲ့ဆူညံစွာ စကားပြောသောင်းကျန်းနေကြတဲ့ အသံတွေကိုလျစ်လျူရှုရင်း​ပေါ့။

ကျောင်းသားသစ်ပြောင်းလာတယ်ဆိုတော့ ဆရာတွေက စာဝင်သင်ဖြစ်သေးမှာမဟုတ်ဘူး။ မင်ယောလ်ပြောသလို တော်ဝင်မျိုးနွယ်သာဆိုပိုတောင်ဆိုးဦးမှာ။ ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ပြာယာခတ်နေလိုက်ကြမယ့်ဖြစ်ခြင်း။ ဟန်ဘင်းအိပ်ပျော်သွားတာ စာသင်ချိန်နှစ်ချိန်ဆက်တိုက်ပဲ။ သူနိုးလာတာတောင် ဆရာမ ဝင်နေခြင်းမရှိသေးဘူး။

မျက်လုံးတွေကိုခပ်ကြမ်းကြမ်းပွတ်ကာ အိပ်မှုန်စုံဖွားနဲဲ့ရှေ့ကိုကြည့်တော့ စာဂျပိုး ဂန်ဒုံဆော့နဲ့ထိုင်နေတဲ့ မင်ယောလ်ကိုတွေ့ရတယ်။ ဟန်ဘင်းမျက်လုံးတွေပါချက်ချင်းပြူးကြောင်သွားတော့တယ်။ ဒါဆိုဘေးနားမှာ လှုပ်လီလှုပ်လဲ့နဲ့ စာရေးနေတာ မင်ယောလ်မဟုတ်ရင်ဘယ်သူလဲ။

ဟန်ဘင်းဘေးကိုဇက်ခနဲလှည့်ကြည့်တော့ ဆံပင်အုပ်အုပ်လေးတွေကိုသာ မြင်ရတယ်။ မျက်နှာလေးက စာရေးစားပွဲခုံနဲ့ ဆံပင်တွေကြားမြုပ်နေတာ။ ဘောပင်ခရမ်းရောင်လေးကိုကိုင်ထားတဲ့ လက်ချောင်းဖြူဖြူသေးသေးသွယ်သွယ်လေးတွေ​ကနေ အကြည့်မခွာချင်တော့ဘူး။

~ TRUST ME ~Onde as histórias ganham vida. Descobre agora