ရှောင်လုံချီပင်လယ်ထက်တွင် ရှိနေကြသော ရုပ်ထုကြီးသုံးခုဆီမှလဲ တောက်ပသော ရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာလေသည်။
ရှောင်လုံကိုယ်ထဲမှ ကြမ်းတမ်းသော ဘီလူးအော်ရာ အမျှင်တန်းတွေထွက်ပေါ်လာသည်။ သို့သော် ဗုဒ္ဓဆယ်ဆူ အစီအရင်က ထိုဘီလူးအော်ရာတွေအကုန်လုံးကို စုပ်ယူသွားလေသည်။

နှစ်ရက်ကုန်လွန်၍ သုံးရက်မြောက်နေ့တွင် တချိန်လုံး ငြိမ်သက်စွာထိုင်နေသော ရှောင်လုံမျက်လုံးတွေ ပြန် ပွင့်လာသည်။
နောက်ဆုံးတွင် ရှောင်လုံ သရဲဘုရင်ဆေးလုံးတစ်လုံးအား စုပ်ယူနေသည့် ဖြစ်စဉ်ကြီးက
ပြီးဆုံးသွားလေသည်။

ရှောင်လုံက သရဲဘုရင်ဆေးလုံးဆီမှ စွမ်းအားတွေကို စုပ်ယူပြီးသည့်နောက်တွင် လူတွေကဘာကြောင့် သရဲဘုရင်ဆေးလုံးအား အမွှန်းတင်နေကြရသလဲ ဆိုသည့် အချက်ကို နားလည်သဘောပေါက်သွားသည်။ သရဲဘုရင်ဆေးလုံးဟာ စကြာဝဠာတပိုင်း အထွတ်အထိပ်သို့ရောက်နေသူတွေကို စကြာဝဠာသိုင်းပညာအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် အခွင့်အရေးပိ်ုများလာစေသည် ။

စကြာဝဠာသိုင်းပညာရှင်အဆင့်သို့ ကျော်ဖြတ်ရောက်ရှိနိုင်ဖို့က ထိုသူ၏ အတွင်းအားပေါ်တွင်သာ အဓိကမူတည်နေခြင်းဖြစ်သည်။ ထိုအပြင် ကောင်းကင်အဆင့်ကနေ စကြာဝဠာအဆင့်သို့ ကျော်ဖြတ်ရသည်မှာလဲ မဖြစ်နိုင်သလောက် အလွန်ကို ခက်ခဲလေသည်။ တချိန်ခဲမှာပဲ စကြာဝဠာအဆင့်သို့ ကျော်ဖြတ်ချင်သည့်သူက လေဟာနယ်နိယာမကို အတိုင်းအတာတစ်ခုလောက်အထိ နားလည်ထားရန်လိုအပ်သည်။

ထိုနေရာတွင် သရဲဘုရင်ဆေးလုံး၏ အဓိကအားသာချက်ရှိနေသည်။ ဘာကြောင့်လဲဆိုတော့ သရဲဘုရင်ဆေးလုံးထဲတွင် လေဟာနယ်နိယာမနှင့် ပတ်သတ်၍ သရဲဘုရင်၏ အသိညဏ်တွေ စိမ့်ဝင်နေသည်။ ထိုကြောင့် သရဲဘုရင်ဆေးလုံးထဲမှ စွမ်းအားတွေကို စုပ်ယူနိုင်သူက လေဟာနယ်နိယာမနှင့်ပတ်သတ်၍ အတိုင်းအတာတစ်ခုအထိကို နားလည်သွားနိုင်သည်။

သရဲဘုရင်ဆေးလုံးထဲတွင် လေဟာနယ်နိယာမနှင့်ပတ်သတ်၍ အသိညဏ် တွေပါဝင်နေသည်မှာ မှန်သော်လည်း သရဲဘုရင်ဆေးလုံးကို တစ်လုံးနှစ်လုံးသောက်ရုံဖြင့်  စကြာဝဠာသိုင်းပညာရှင်အဆင့်သို့ ရောက်သွားမျိာတော့မဟုတ်ပေ ...။ စကြာဝဠာသိုင်းပညာရှင်ဆိုသည်မှာ သာမန်ကြိုးစားမှုမျိုးဖြင့် ရောက်ရှိနိုင်သော နေရာတစ်ခုမဟုတ်ပေ ..။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now