ရှောင်လုံလဲ သိုင်းကျမ်းတအုပ်မှမမြင်ရတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည် ။ သူအတွက်တော့ ရှေးခတ်မှတ်တမ်းမှတ်ရာတွေထက်စာရင် သိုင်းကျမ်းတွေ သိုင်းကျင့်စဉ်တွေက ပိုလို့အဖိုးတန်တာပဲ ဖြစ်သည်။ အခုလက်ရှိမှာ ရန်သူပတ်လည်ဝိုင်းနေသည့် ရှောင်လုံအတွက် အလိုအပ်ဆုံးကလဲ သူ့အတွင်းအားတွေ နဲ့ သူ့သိုင်းပညာရပ်တွေ အမြန်ဆုံးတိုးတက်လာဖို့ပဲ ဖြစ်သည်။

စာအုပ်တွေက အခုလက်ရှိမှာ အသုံးမဝင်ပေမယ့် ရှောင်လုံကတော့ စာအုပ်အကုန်လုံးကိုနတ်လက်စွပ်ထဲသို့ ထဲ့သိမ်းထားလိုက်သည်။ ဒီစာအုပ်တွေက သူ့အတွက်အသုံးမဝင်သော်လည်း လေလံတင်ပွဲမှာတင်ရောင်းလိုက်မယ်ဆိုရင် တခြားသူလိုအပ်နေသည့် ပစ္စည်းတွေနဲ့တော့လဲနိုင်လောက်သေးသည်။

စာအုပ်တွေကိုရှင်းထုတ်ပြီးနောက် ရှောင်လုံက တဲ၏ တခြားနေရာတွေကို စေ့စေ့စပ်စပ်လေ့လာစူးစမ်းလိုက်သည်။ တဲထောင့်တနေရာ၌ ဖုန်မှုန့်တွေအုပ်ဆိုင်းနေသည့် သတ္တုရိုင်းမျိုးစုံရှိနေတာကို မြင်လိုက်လေသည်။ ရှောင်လုံက လက်တချက်ဝေ့ယမ်း၍ ဖုန်မှုန့်တွေကိုခါထုတ်လိုက်သည်။

"... ဒါက ခရမ်းသွေးငွေသလင်းကျောက်တွေပဲ ..."

ရှောင်လုံအကြည့်တွေက တခြားသတ္တုရိုင်းတွေနဲ့ ပူးကပ်နေသည့် လက်ဝါးအရွယ်အစားလောက်ရှိပြီး ဖောက်ထွင်းမြင်နေရသော အနီရောင်သတ္တုလေးပေါသို့ ကျရောက်သွားလေသည်။ ထိုသတ္တုလေးကိုဖုန်ခါထုတ်ပြိးနောက် ရှောင်လုံကအံသြစွာဖြင့် ရေရွတ်လိုက်ခြင်းဖြစ်သည်။

ခရမ်းသွေးငွေသလင်းကျောက် က အလွန်ရှားပါးသော သတ္တုတမျိုးဖြစ်သည် ။ သူတို့က အရမ်းကိုရှာရခက်သော သွေးကျောက်မိုင်းတွေထဲကနေ ဖြစ်ပေါ်လာကြသည့် သတ္တုတွေပဲ ဖြစ်သည်။ ထို ခရမ်းသွေးငွေသလင်းကျောက်ကိုလေလံတင်လိုက်မယ်ဆိုရင် အဆင့်၁ ဝိညာဉ်ကျောက်တုံးစျေးထက် ဆယ်ဆနီးပါးလောက် ပိုရနိုင်သည်။

ရှောင်လုံက တခြားသတ္တုရိုင်းတွေကိုလဲ လေ့လာကြည့်လိုက်သည် ။

".... အနက်ရောင်မီးတောက်သံ ...."

".. မီးခိုးသွေး သံလိုက်ကျောက် ..."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Dove le storie prendono vita. Scoprilo ora