လူငယ်က အေးစက်တင်းမာနေသည့် အသံဖြင့် မေးခွန်းထုတ်လိုက်လေသည်။
လူငယ်၏ အသံထဲမှာ လူသတ်ချင်သည့် အရိပ်အယောင်တွေပါဝင်လာတာကိုသတိထားမိလိုက်တော့ သတ်လတ်ပိုင်းအရွယ်လူကြီးက အရမ်းကိုကြောက်လန့်သွားပြီး အလျင်အမြန်ပြန်ဖြေလိုက်သည်

".... သခင်လေး အဲ့ဒါက မတော်တမဖြစ်သွားရတာပါ .... ချိုင်မိသားစုက အမျိုးသမီးတွေကို ဝင်ကယ်မယ့်သူပေါ်လာလိမ့်မယ်လို့ ကျွန်တော်တို့လဲ မထင်ထားဘူးလေ ...."

"... အဲ့ ကယ်တင်ရှင်ကြီးက ဘယ်သူဆိုတာကိုရော သိပြီလား ...?"

လူငယ်က ခပ်မဲ့မဲ့ပြုံး၍ ထပ်မေးလိုက်သည်။

"...အဲ့သူတောင်စားလေးနာမယ်က ဟောင်ရှောင်လုံလို့ခေါ်ပါတယ် ...."

သတ်လတ်ပိုင်းအရွယ်လူကြီးကပဲ ထပ်ပြောလိုက်သည်

".... သူက ချိုင်လီရဲ့ မိတ်ဆွေတယောက်ပါ...
သူလဲ နှင်းလေတိုင်းပြည်ကလာတဲ့ လူတယောက်ဖြစ်ရမယ် ...."

  "....နှင်းလေတိုင်းပြည်ကလူ ...ဟုတ်လား...?"

လူငယ်က အထင်သေးသလို ပြုံးလိုက်ပြီး

".... ဒါကြောင့် ဒိကောင်က ဒီလောက်ထိ ဇောင်းထနေတာကိုး .... အဲ့ဒါကြောင့်လဲ အကြောက်အလန့်မရှိပဲ ငါတို့ အဆိပ်ဘုရင်ဂိုဏ်းသားတွေကို သတ်ရဲတာပေါ့...."

လျှို့ဝျက်အခန်းငယ်လေးတခုလုံးကို ရန်လိုသည့် အော်ရာတွေဖုံးလွှမ်းလာပြီး သွေးခဲသွားမတတ်အေးစက်နေသည့် ရေခဲတွေကလဲ ကြမ်းပြင်ထက်တွင် ဖုံးအုပ်သွားလေသည် ။ ထိုရေခဲတွေရဲ့ အရောင်ကလဲ အနက်ရောင်ဖြစ်နေသည် ။

ထိုလူငယ်က အဆိပ်ဘုရင်ဂိုဏ်း၏ သခင်လေးဖြစ်သူ ဟူအာ ဖြစ်ပြီး သူ့ရှေ့မှာ ဒူးထောက်နေသည့် သတ်လတ်ပိုင်းအရွယ်လူကြီးကတော့အဆိပ်ဘုရင်ဂိုဏ်းမှ အကြီးအကဲ ချောင်လျန် ဖြစ်သည် ။

ဟူအာက ချောင်လျန်ကိုကြည့်၍

".... ကျုပ်မပြောလဲ ခင်ဗျားဘာဆက်လုပ်ရမယ်ဆိုတာကို သိတယ်မလား ....?"

"... ကျွန်တော်မျိုးသိပါတယ် ..."

ချောင်လျန်က ပြန်ဖြေလိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now