သူတို့မြေကြီးပေါကိုကျလာတော့ သူတို့ခန္ဓာတွေက မီးသွေးတုံးလို့ မဲချိတ်ကုန်လေသည်။ အသားကင်အနံကဲ့သို့ လူအသားမီးလောင်သည့် ညှော်နံတခုလဲထွက်ပေါ်လာလေသည်။ ရှောင်လုံကိုတိုက်ခိုက်ဖို့ ပြေးလာကြသည့် ကောင်းကင်ဘီလူးဂိုဏ်းက သိုင်းသမားတွေထဲမှာ သိုင်းပညာအဆင့်အမြင့်ဆုံးက ကောင်းကင်အဆင့်၃ သိုင်းသမားဖြစ်ပြီး အဆင့်အနိမ့်ဆုံးသူကတော့ မြေကြီးအဆင့်သာရှိသေးတာဖြစ်သည်။

သူတို့ကဲ့သို့ သိုင်းအဆင့်မျိုးနှင့် ရှောင်လုံနတ်ဓားသိုင်း၏ စတုတ္ထသိုင်းကွက်ဖြစ်သည့် မိုးကြိုးပင်လယ်သိုင်းကွက်ကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မည်နည်း... ။ ရှောင်လုံရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် သူ့အခုထုတ်သုံးလိုက်သည့် မိုးကြိုးပင်လယ်ဓားသိုင်းအား ကောင်းကင်အဆင့်ရမှာနောက်ဆုံးအဆင့်ကိုရောက်ရှိနေသည့် သိုင်းသမားတောင်မှ ခုခံနိုင်ရန်မလွယ်ကူပေ.. ။

ရှောင်လုံက မြေကြီးပေါသို့ ညင်သာစွာဆင်းသက်လာပြီးနောက် လမ်းမထက်က မဲတူနေသည့် ခန္ဓာကိူယ်တွေကို တချက်လှမ်းကြည့်လိုက်သည်။ ထိုနောက် ဟူရှန်နားသို့ လမ်းလျှောက်လာသည် ။

ဟူရှန်ကတော့ မဲတူးကာ လမ်းမထက်မှာ တစစီပြန့်ကျဲနေသည့် အလောင်းတွေကိုကြည့်ရင်း ကြက်သေသေနေလေသည် ။ အလောင်းတွေဆီကနေ ထွက်ပေါနေသော အသားကင်အနံတွေက သူကြောက်စိတ်ကို ပို၍ ကြီးထွားလာစေရန်ထောက်ပံပေးနေသည်။

ဟူရှန်က ရှောင်လုံသူ့အနားသို့ ချဉ်ကပ်လာနေတာကိုကြည့်ရင်း သူ့တခါမှမခံစားရဘူးသည့် သေခြင်း၏နိမိတ်တွေကိုစတင်မြင်ယောင်ခံစားလာရသည်။

"... မင်း...."
ဟူရှန်က အနောက်ကိုဆုတ်ရင်း အားမွေးကာ ရှောင်လုံကိုခြောက်လှန့်ဖို့ကြိုးစားလိုက်သည်

".... မင်းကဘယ်ကကောင်လဲကွ.... ? မိစ္ဆာနက်မြို့ထဲမှာ မင်းငါ့ကိုသတ်ပြီးရင် အသက်ရှင်ရက်နဲ့ထွက်သွားနိုင်မှာမဟူတ်ဘူးဆိုတာကိူ မင်းမသိဘူးလား....?"

"... ထြက်သြားရမယ်... ဟူတ္လား... ?"

ရှောင်လုံက ခေါင်းခါပြလိုက်သည် ။ ထိုနောက် အလင်းရောင်တချက်လက်သွားပြီး ရှောင်လုံက ဟူရှန်အနားသို့ရောက်ရှိသွားလေသည်။ ရှောင်လုံက ဟူရှန်ကို သေချာချိန်၍ လက်သိးတချက်ထိုးချလိုက်သည်။
ဟူရှန်လဲ ကြောက်ကြောက်လန့်လန့်ဖြင့် ရှောင်လုံလက်သီးချက်ကိုကာကွယ်ရန် ကြိုးစားလိုက်၏။ သို့ပေမယ့် သူမလှုပ်ရှားနိုင်ခင်လေးမှာပဲ ကျည်ဆန်တခုလိုမြန်ဆန်သော ရှောင်လုံလက်သီးချက်က သယရင်ဘတ်ကိုထိမှန်သွားပြီပဲ ဖြစ်သည်။ ရှောင်လုံလက်သီးချက်က ဟူရှန်ကိုယ်ပေါသို့ကျရောက်သွားပေမယ့် လက်သီးအနေုက်ကနေပါလာသည့် အင်အားလှိုင်းတွေက လမ်းမထက်မှ အဆောက်အဦးတွေကို တုန်ခါသွားစေသည်အထိ ပြင်းထန်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Kde žijí příběhy. Začni objevovat