နောက်ဆုံးမှာတော့ ဘေးနားမှာရပ်ကြည့်နေသည့်ချိုင်မင်က မအောင်နိုင်တော့ပဲ ဝင်ပြောလိုက်သည်

".... မင်းက ကောင်းကင်ဘီလူးဂိုဏ်းလို့ ပါမွှားလေးကို အပိုင်စီးနိုင်တယ်ဆိုပြီး မာန်တက်နေပါလားကွ .... မင်းလုပ်ချင်သလိုလုပ်လို့ရအောင် ဘီလူးကိုးကောင်ဂိုဏ်းကို မင်းအဖေပိုင်တယ်ထင်လို့ လားကွ ...?"

ချိုင်မင်ရဲ့စိတ်ထဲမှာတော့ ရှောင်လုံကအရမ်းကိုညဏ်နဲကာ သူ့အစွမ်းတွေကို အရမ်းအထင်ကြီးနေတယ်လို့ ထင်နေသည် ။

.ရှောင်လုံက ချိုင်မင်ဘက်ကို လှည့်ကြည့်လိုက်ပြီး

".... မင်းရဲ့စကားအတွက် ငါ့အရှေ့မှာ အခုချက်ချင်းဒူးထောက်တောင်းပန်မယ်ဆိုရင်... ငါမင်းအသက်ကိုချမ်းသာပေးလိုက်မယ် ..."

"... ဟေ့ကောင် မင်းဘာစကားပြောတာလဲ ..?"

ချိုင်မင်က ဒေါသတကြီးဖြင့် ရှောင်လုံကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း အော်ဟစ်ကြိမ်းမောင်းလိုက်သည် ။ ထိုနောက် သူ့ကိုယ်ထဲကနေ တောက်ပသော အလင်းတန်းတွေ ပေါက်ကွဲထွက်လာတော့သည်။

   လူတယောက်ကိုယ်ထဲမှာ ရှိနေသည့် အတွင်းအားတွေရဲ့ အဆင့်က ထိုသူလေ့ကျင့်သော သိုင်းကျမ်းပေါ်မှာ များစွာမူတည်နေပါသည် ။ အတွင်းအားတွေရဲ့ အရောင်အဆင်းကတော့ ထိုသူ၏ သိုင်းဝိညာဉ်နဲ့သာ သက်ဆိုင်လေသည်။ ပုံမှန်အားဖြင့် အဖြူရောင်နှင့်အတွင်းအားချီတွေကိုမြင်ရခဲပါသည် ။

ရှောင်လုံက ချိုင်မင်ကိုယ်ထဲကနေ ထွက်ပေါနေသည့် အဖြူရောင်အတွင်းအားချီတွေကို ကြည့်ပြီးလှောင်ရယ်ရယ်လိုက်လေသည်။ ချန်ရှောင်ထျန် နှင့် ကန်ခမ်းတို့ကတော့ ချိုင်မင်၏ သိုင်းဝိညာဉ်က သရဲမျက်နှာ သိုင်းဝိညာဉ်ဖြစ်တယ်ဆိုတာကို သိပြီးသားဖြစ်သည်။

သရဲမျက်နှာ သိုင်းဝိညာဉ်က ရှားပါးသောအောက်လမ်းသိုင်းဝိညာဉ်တမျိုးဖြစ်ကာ
သရဲမျက်နှာ သိုင်းဝိညာဉ်မှာလဲ နှစ်မျိုးနှစ်စားရှိသည် ။ တမျိူးက အနက်ရောင်သရဲမျက်နှာ သိုင်းဝိညာဉ်ဖြစ်ပြီး နောက် တမျိုးကတော့ အဖြူရောင်သရဲမျက်နှာ သိုင်းဝိညာဉ်ဖြစ်သည် ။  

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now